အပိုင်း - ၂၀💛

26.2K 1.6K 106
                                    

နိုရာတစ်ယောက် ခရီးသွားရမည်ဆိုသောကြောင့် မျောက်အုန်းသီးရသွားသလိုရုပ်မျိုးဖြစ်နေသည်။

"ကိုကို ... ကိုကိုလွန်း ... ဟာ ဘယ်ရောက်သွားပြန်ပြီလဲ ... အင်္ကျီထည့်ပါဆိုတာကို ဘယ်ရောက်သွားပြန်တာလဲမသိဘူး"

နိုရာ ခေါင်းလေးတစ်ကုတ်ကုတ်နဲ့အောက်ထပ်သို့ဆင်းလာသည်။

"ကိုကိုလွန်း အဲ့တာဘာလုပ်နေတာလဲ"

ဆိုဖာပေါ်အပီအပြင်ထိုင်ကာ ဇာတ်ကားကြည့်နေတဲ့လွန်းကို နိုရာမေးလိုက်သည်။

"ဇာတ်ကားကြည့်နေတာလေ ... လာ ဒီနားလာ ... ကိုယ်နဲ့အတူကြည့်မယ်"

"ဟာ ကိုကိုကလည်း ... အင်္ကျီတွေထည့်ပါမယ်ဆိုဗျာ"

နှုတ်ခမ်းလေးတစူစူနဲ့ပြောရင်း လွန်းဘေးနားရောက်သွားပြီး လွန်းပေါင်ကြားထဲမှာတင်လလင်ခွေလေးထိုင်လိုက်သည်။ လွန်းကနိုရာ့ကိုတစ်ကိုယ်လုံးသိမ်းကျုံးပြီးအနောက်မှဖက်ထားသည်။

"အဲ့တာပဲ အဲ့တာပဲ ... တွေ့လား ချမ်းသာတာမကောင်းဘူး"

"ဘာလို့လဲနိုရာရဲ့ ... ကောင်းပါတယ်"

"ကိုကိုကလည်း အခုပဲကြည့်နေတယ်လေ ... ချမ်းသာတော့ကောင်မလေးတွေဝိုင်းတယ် ... ကောင်မလေးတွေဝိုင်းတော့မိန်းမကစိတ်ပူရတယ် ... ဟော နောက်တော့မယားငယ်တွေရော ဘာတွေရော ... ဟင်း စိတ်ပျက်စရာကြီး"

ဇာတ်ကားထဲမှာဖောက်ပြန်နေတာတွေ့တော့ နိုရာလေးကလူကြီးလေးစတိုင်လ်နဲ့ပြောနေသည်။

"အင်း ... ကိုယ်လည်းတစ်ယောက်လောက် ..."

လွန်း စကားတောင်ဆုံးအောင်မပြောလိုက်ရပါ။ နိုရာကလွန်းရဲ့လက်ကိုကိုက်ချပစ်လိုက်သည်။

"အား ... ဘာလို့ကိုက်တာလဲ"

"ဘာလို့ကိုက်လဲမသိဘူးလား ... ကိုယ့်အကြောင်းကိုသိနော် ... ကိုလွန်းဂုဏ်ရှိန် သိပ်မယွနဲ့ ... တော်ပြီ မကြည့်တော့ဘူး"

ရင်ခွင်ထဲကနေထပြေးမည်လုပ်နေသည့်ဝက်ပေါက်ကလေးကို အတင်းသိမ်းကျုံးဖက်ထားပစ်လိုက်တော့ ဝက်ပေါက်ကလေးပြေး၍မရတော့ပါ။

Just For You💛Where stories live. Discover now