အပိုင်း - ၁၃💛

28.1K 2.4K 84
                                    

နိုရာ ပိုင်ခန့်နဲ့စာအတူလုပ်ရန်အတွက် အိမ်ကိုခေါ်ထားသည်။ သူနဲ့နိုရာပြန်တွေ့ပြီးနောက်ပိုင်း ပိုင်ခန့်ကကျောင်းပြောင်းလာသည်။ စာသင်နှစ်အစမှာပြောင်းလာလို့ပိုင်ခန့်အတွက်စာအပိုင်းကတော့သိပ်အခက်အခဲမရှိ‌ပေမဲ့ ကျောင်းကစာတွေအတူတူလုပ်ရန် ပိုင်ခန့်ကိုအိမ်ကိုလာရန်‌ပြောထားသည်။

"ကိုယ်တော့သဘောမကျဘူးကွာ"

"စာလုပ်မှာပါ ... ကိုကိုလွန်းစိတ်ပူနေတာမျိုးတွေတစ်ခုမှမဖြစ်စေရပါဘူး ... နိုရာနဲ့ပိုင်ခန့်ကသူငယ်ချင်းတွေပါပဲကိုကို"

"ဒီဝက်ပေါက်လေးကိုမလွန်ဆန်နိုင်တာခက်တယ်ကွာ"

"ဒါဆို ကိုကိုလွန်းခွင့်ပြုတယ်နော်"

"အင်းပါ ... ကိုယ်စိတ်ချမယ်နော်"

"ဟုတ် ... စိတ်ချကိုကို"

ကားဟွန်းတီးသံကြားသည်နှင့် နိုရာခေါင်းလေးကဆက်ခနဲထောင်ပြီး အိမ်ရှေ့သို့ပြေးထွက်လိုက်သည်။ လွန်းတစ်ယောက်ကတော့ သဘောမကျပေမဲ့ နိုရာ့ကိုသူမလွန်ဆန်နိုင်လို့ လက်ခံပေးလိုက်သည်။

"ပိုင်ခန့် နောက်ကျတယ်နော်"

"ဟုတ်တယ် ... ကားတွေပိတ်နေလို့"

"ထိုင် ... အအေးသောက်မလား ကော်ဖီသောက်မလား"

"ရတယ် ... ဘာမှမသောက်တော့ဘူး"

"အဲ့တာဆိုငါတို့စာလုပ်ကြမလား"

"အင်း လုပ်ကြမယ် ... ဒါနဲ့ မင်းကိုကိုရော"

ပိုင်ခန့်က မျက်လုံးလေးဟိုကြည့်ဒီကြည့်နဲ့လုပ်ပြီး နိုရာ့ကိုမေးလိုက်သည်။

"ကိုကိုက အလုပ်သွားပြီ"

"ဪ ..."

"စာလုပ်ကြမယ်လေ ... ဒီနေ့မင်းလာမယ်ဆိုလို့ ငါကမမအေးကိုဟင်းတွေရှယ်ချက်ခိုင်းထားတာ ... ထမင်းစားပြီးမှပြန်ရမယ်"

"အေးပါ ... စားပါ့မယ်"

နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီးစာလုပ်နေကြသည်။ နေ့ခင်းလောက်ရောက်တော့ အိမ်ရှေ့ကကားသံကြားလိုက်သည်။

"ပိုင်ခန့် ခဏလေးနော်"

နိုရာ အိမ်ရှေ့ထွက်ကြည့်လိုက်သည်။ ခြံထဲသို့ဝင်လာသည့်လွန်းကားကိုမြင်တော့နိုရာအံ့ဩသွားရသည်။ ဒီအချိန် တစ်ခါမှပြန်မလာဖူးသည့်လွန်း။

Just For You💛Where stories live. Discover now