အပိုင်း - ၁၀💛

34.9K 2.1K 115
                                    

အခုအခြေအနေကဘယ်လိုမျိုးပါလိမ့်။ နိုရာကလွန်းကိုချစ်တယ်လို့ပြောတုန်းကပြောပြီးမှ အခုကားပေါ်မှာ လွန်းနဲ့ဆန့်ကျင်ဘက်သို့လှည့်ပြီးအပြင်ဘက်သို့သာကြည့်နေသည်။

"အဟမ်း!"

လွန်းချောင်းဟန့်လိုက်တော့ နိုရာ့ကိုယ်လေးသိသိသာသာတုန်သွားသည်။ လွန်းကိုတစ်ချက်တစ်ချက်ခိုးခိုးကြည့်နေသေးသည်။ တစ်လမ်းလုံးငြိမ်လာသည့်နိုရာသည် လမ်းမတစ်နေရာအရောက် နိုရာစကားစပြောလာသည်။

"ကိုကို ရပ် ရပ် ... အဲ့တာ အဲ့တာ နိုရာစားမယ် ... ရပ်လို့"

နိုရာလက်ညှိုးညွှန်ပြနေသည့်ဘက်ကိုလွန်းကြည့်လိုက်သည်။ ကလေးများဝိုင်းအုံနေသည့်ရေခဲမုန့်ဆိုင်ဖြစ်သည်။

"ကိုကို ရပ်လို့ ... ကျွန်တော်အဲ့တာစားမှာ"

"အင်း အင်း ရပ်မယ် ... ခဏလေး ရှေ့နားလေးရပ်မယ် ... ဒီနားရပ်ရင် ကိုယ့်ကားပါသွားလိမ့်မယ်"

ရှေ့နားလောက်ထိနည်းနည်းမောင်းသွားလိုက်ပြီးမှ ကားကိုလမ်းဘေးချရပ်လိုက်သည်။ ကားရပ်လိုက်ပြီဆိုသည်နှင့်လွယ်အိတ်လေးလွယ်ပြီး ဆိုင်ရှိရာသို့ပြေးတော့သည်။ လွန်း နိုရာ့အနောက်မှပြေးလိုက်ရသည်။ ကလေးတွေကြားထဲကလေးကြီးလုပ်နေသောနိုရာ့ကိုကြည့်ပြီး လွန်းရယ်ချင်မိသည်။ အချိန်အကြာကြီးစောင့်ရပြီးမှ နောက်ဆုံး နိုရာစားချင်သည့်ရေခဲမုန့်ရလာသည်။

"ရပြီ ... ဟူး မောလိုက်တာ"

"ဒါဆို သွားမယ် ... ရပြီမလား"

"အင်း ... ရပြီ"

"ကိုယ့်အတွက်ကျတော့မဝယ်ခဲ့ဘူး"

"ဟင် ကိုကိုကကြိုက်လို့လား ... ကျွန်တော်သွားဝယ်ပေးမယ်လေ"

မျက်လုံးလေးပြူးပြီးပြောနေတဲ့နိုရာ့လက်ထဲကရေခဲမုန့်ကိုလွန်းလုစားလိုက်သည်။

"ဟာ ဒါသပ်သပ်ညစ်တာ ... သူများဟာကို"

နိုရာနှုတ်ခမ်းလေးစူကာပြောပြန်သည်။

"သူများဟာမှမဟုတ်တာ ကိုယ့်ယောကျာ်းဟာလေ ... စားမှာပဲ"

"လူကိုအနိုင်ကျင့်တယ် ... အကျင့်ပုတ်ကြီး တော်ပြီ ... သွားမယ်"

Just For You💛Where stories live. Discover now