အပိုင်း - ၂၂💛

25.2K 1.5K 104
                                    

ဒီနေ့ လွန်း နိုရာနဲ့ပိုင်ခန့်တွေ့ရန် ချိန်းထားပေးသည်။ ပိုင်ခန့်လည်းမေမြို့ရောက်နေတယ်ဆိုတာသိရတော့ ပိုအဆင်ပြေသွားသည်။ အမှန်တော့ လွန်းတို့မေမြို့မှာရှိနေခြင်းကိုသိ၍လိုက်လာခြင်းဖြစ်သည်။ ဤသို့တွေ့ဆုံသည်ကိုလည်းနှစ်ဖက်မိဘများကို လွန်းမသိစေချင်ပါ။

"နိုရာ စောင့်နေမယ်နော် ... တစ်ခုခုဆိုကိုကို့ကိုခေါ်နော် ... ကိုကို မလှမ်းမကမ်းမှာရှိနေပေးမယ်"

လွန်းရဲ့ပြောစကားကိုနိုရာကရယ်သည်။

"ကိုကိုကနို့ရာ့အဖေကြီးကျနေတာပဲ ... မစိုးရိမ်ပါနဲ့ နိုရာလည်းယောကျာ်းလေးပါဗျာ့ ... တစ်ခုခုဆို အရင်ဦးအောင်လုပ်ပစ်လိုက်မယ် ... ကျန်တာ ကိုကိုလွန်းရှင်းလိုက် ရတယ်မလား"

"အင်း လုပ်ခဲ့ ... ကိုယ်ရှင်းပေးမယ်"

"အဲ့တာဆိုသွားမယ်နော်"

"အင်း"

ကော်ဖီဆိုင်ထဲဝင်သွားသည့်နိုရာ့ကိုလွန်းကမျက်တောင်မခတ်လိုက်ကြည့်နေသည်။ နိုရာဝင်သွားပြီးသိပ်မကြာခင်မှာ လွန်းလည်း ကော်ဖီဆိုင်လေးထဲသို့ဝင်လာခဲ့လိုက်ပြီး နိုရာတို့ကိုကျောခိုင်းထိုင်နေလိုက်သည်။ နိုရာ ပိုင်ခန့်အရှေ့တွင်ဝင်ထိုင်လိုက်သည်။ တစ်ယောက်နဲ့တစ်ယောက် အချိန်တစ်ခုကြာသည်အထိ စကားမစဖြစ်ကြသေးပါ။ နှစ်ယောက်စလုံးတိတ်ဆိတ်နေသည်။ ထိုတိတ်ဆိတ်မှုကို ပိုင်ခန့်ကစတင်ဖြိုခွဲလိုက်သည်။

"နိုရာ ငါ ..."

"အင်း ပြော ... ငါဒီနေ့လာတာ မင်းပြောတာတွေပဲနားထောင်ဖို့ လာတာ ... ငါ့ဘက်ကပြောစရာမရှိဘူး"

"ငါ ငါ ... အနူးအညွတ်တောင်းပန်ပါတယ် ... ငါလောဘတက်မိသွားတယ် ... မဖြစ်နိုင်တာတွေကိုငါလုပ်ခဲ့မိတယ် မင်းကိုငါဘာလို့အဲ့လိုလုပ်ခဲ့မိလည်းဆိုတာငါအခုချိန်ထိစဉ်းစားလို့ကိုမရခဲ့ဘူး ... ငါတကယ်ကိုတောင်းပန်ပါတယ်နိုရာ ... ဒါပေမဲ့ ရှေ့မျက်နှာနောက်ထားပြီးပြောပါရစေ ... ငါအစ်ကိုလွန်းကိုတကယ်ချစ်ခဲ့မိတာပါနိုရာ ... ဒါ့ကြောင့်လည်း ငါမလုပ်သင့်တာတွေလုပ်ခဲ့မိတယ် ... ငါ့ကိုခွင့်လွှတ်ပေးဖို့ငါမတောင်းဆိုရဲပါဘူး ... ငါတောင်းပန်ချင်လို့ မင်းကိုချိန်းလိုက်တာပါ"

Just For You💛Where stories live. Discover now