အပိုင်း - ၁၉💛

27K 1.7K 36
                                    

အမှုစစ်နဲ့စကားပြောနေသည့်လွန်းကို နိုရာလက်ဆွဲထားလိုက်သည်။

"နိုရာ တရားမစွဲချင်ဘူးကိုကို"

"နိုရာဘာပြောလိုက်တယ်"

"တရားမစွဲချင်ဘူးကိုကို"

"သားလေး ... နိုရာ ဘာလို့လဲ"

"တောက်! နိုရာ မဟုတ်တာတွေမပြောနဲ့"

"လွန်း စိတ်လျော့ပါသားရယ် ... မာမားမေးကြည့်ပါဦးမယ် ... အမှုစစ်ကြီးကိုလည်းအားနာပါတယ်ရှင် ... ခဏလောက်အချိန်လေးပေးပါနော်"

"ဟုတ်ကဲ့ ရပါတယ်ဗျာ ... ကျွန်တော်အပြင်ကစောင့်နေပါမယ်"

"ကျေးဇူးပါရှင်"

လွန်းကတော့ နိုရာ့လက်ကိုဆွဲဖြုတ်လိုက်ပြီး အပြင်သို့ထွက်သွားခဲ့သည်။

"ကိုကို ... ကိုကိုလွန်း"

လွန်း လုံးဝလှည့်မကြည့်ပါ။ အပြင်သို့သာတန်းတန်းမတ်မတ်ထွက်သွားသည်။ လွန်း လှည့်မကြည့်ဘဲထွက်သွားတော့ နိုရာငိုပြန်သည်။ သူဒါလေးပြောလိုက်တာကို အဲ့လောက်တောင်စိတ်ဆိုးသွားရသည်လား။

"နိုရာ မာမားမေးတာကိုဖြေ ... ဘာလို့မလုပ်ချင်ရတာလဲ ... အခုက သားထိခိုက်ထားရတာလေ ... နောက်တစ်ခေါက်ဆိုတာကြီးကိုမကြုံရအောင် ကိုကိုကစီစဉ်ပေးတာလေ ... ဘာလို့ငြင်းနေရတာလဲ"

"တရားစွဲတာဘာကောင်းလို့လဲ ... ကိုကိုလည်းထိခိုက်တယ်လေ ... မာမားပြောတော့ ကိုကိုကကုမ္ပဏီအကြီးကြီးကိုဦးဆောင်နေရတာဆို ... တရားစွဲလိုက်လို့ မီဒီယာတွေသိကုန်ရင် ကိုကို့ကိုထိခိုက်မှာ ... အဲ့တာကြောင့် သားတရားမစွဲချင်ဘူး"

"သားရယ် ဒါပေမဲ့ ..."

"မာမား ကိုကို့ကိုခေါ်ပေးပါ ... သား ကိုကိုစိတ်ဆိုးရင်မနေတတ်ဘူး ဟင့် ... ကိုကိုလွန်း‌ကိုခေါ်ပေး"

"အင်းပါ အင်းပါ ... မာမားခေါ်ပေးမယ်နော် ... မငိုနဲ့တော့ တိတ်တိတ်"

ဆေးရုံအပြင်ဘက် ခုံတန်းလေး‌တွင်ထိုင်နေသော လွန်းအနားမှာသွားထိုင်လိုက်သည်။

"မာမား"

"လွန်း ... နိုရာသားကိုခေါ်နေပြီ ... ငိုနေတယ် ... မြန်မြန်သွားလိုက်ပါကွယ်"

Just For You💛Where stories live. Discover now