အပိုင်း - ၁၇💛

25.2K 1.6K 159
                                    

ယနေ့သည် နိုရာ လွန်းနဲ့အတူတူ စင်္ကာပူကိုလိုက်သွားမယ့်နေ့ဖြစ်သည်။

"ကိုကိုလွန်း ဟိုရောက်ရင်လျှောက်လည်လို့ရလား"

"ဝက်ပေါက်လျှောက်လည်ချင်လို့ ကိုယ်နဲ့လိုက်တာမလား ... ကိုယ်နဲ့မခွဲနိုင်လို့ မဟုတ်ဘူးမလား"

"ဟုတ်တယ် ခစ်ခစ် ... နိုရာလျှောက်လည်ချင်လို့"

"ကိုယ်ကအလုပ်ကိစ္စနဲ့သွားရမှာလေ ... ကလေးကို ကိုယ် ကိုယ်တိုင်လိုက်ပို့နိုင်မယ်မထင်ဘူး"

"ရတယ် ရတယ် ... အစ်ကိုရှင်းပါတယ်မလား ... အကိုရှင်းနဲ့သွားမယ်လေနော် ... ကိုကိုလွန်းကအလုပ်ကိုစိတ်ချလက်ချလုပ် ... အမြဲတမ်းနိုရာ့အလိုကိုလိုက်ပေးထားတာဆိုတော့ ဒီတစ်ခါလိုက်မပို့နိုင်တာကို နိုရာစိတ်မဆိုးဘူး"

"စိတ်ကောင်းတွေဝင်နေတာပဲ ... လိုက်ရလို့တော်တော်ပျော်နေတာလား"

"ဟီးဟီး အများကြီးပျော်တယ် ... သွားမယ် သွားမယ် ... လေယာဉ်နောက်ကျနေမယ်"

"ဟုတ်ကဲ့ပါ အချစ်ဆုံးလေးရေ ... သွားကြမယ်"

နိုရာ့၏ပါးနှစ်ဖက်ကိုခပ်ဖွဖွလေးညှစ်ဆွဲလိုက်တော့ အရင်လိုမျက်မှောင်မကုပ်ဘဲ သဘောတကျရယ်မောနေသည်။

"ဟုတ်ဟုတ်"

လွန်းက မမအေးကိုမှာစရာရှိတာတွေမှာနေရသေးသည်။ အိမ်ကိုမမအေးနဲ့ထားခဲ့ရမည်ဖြစ်သည့်အတွက် အမှားအယွင်းတစ်ခုမှမရှိရလေအောင် သေချာမှာကြားနေရသည်။ ရှင်းနဲ့နိုရာက ကားပေါ်တွင်စောင့်နေကြသည်။

"အစ်ကိုရှင်း ကျွန်တော်တို့လျှောက်လည်ကြနော်"

"ဗျာ ... လျှောက် ... လျှောက်လည်မယ်"

ရှင်းအရမ်းလန့်ပါသည်။ ဟိုတစ်ခေါက် ရုံးကိုလာတုန်းကတောင် မနည်းလိုက်ထိန်းရသည်။ အပြင်မှာသာဆို ရှင်းဘုရားတရားကိုင်းရှိုင်းရပါတော့မည်။ တစ်ခုခုဖြစ်ရင်CEOကလည်းအသက်နုတ်ယူဦးမည်။

"နိုရာ ဒီမှာခဏစောင့်နေ ... ကိုယ်ဟိုဘက်ခဏသွားလိုက်ဦးမယ်"

လေဆိပ်ရောက်သည်မှမကြာသေး နိုရာ့ကိုခုံတန်းလေးမှာထိုင်ခိုင်းလိုက်ပြီး နိုရာ့ရှေ့မှာဒူးတစ်ဖက်ထောက်ကာထိုင်ရင်းပြောလိုက်သည်။

Just For You💛Where stories live. Discover now