အပိုင်း - ၁၅💛

27.8K 1.8K 98
                                    

အလုပ်‌တွေပြီးတာနဲ့ လွန်းအိမ်ပြန်ရောက်လာသည်။ အိမ်ပြန်ရောက်လာသည်နှင့်ချက်ချင်းအခန်းထဲကိုပြေးဝင်လာသည်။ ကုတင်ပေါ်တွင်အိပ်‌ရင်းကျန်ခဲ့‌ သောနိုရာရှိမနေပါ။ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့နိုရာ့ကို ရှာနေမိသည်။ တစ်အိမ်လုံးနှံ့နေသော်လည်း နိုရာ့ကိုမတွေ့ပါ။

"မမအေးရေ  ... မမအေး ..."

နောက်ဆုံးတော့ အိမ်တွင်ရှိသည့်သူ မမအေးကိုပဲခေါ်မေးရတော့မည်။

"ဟုတ်ကဲ့ လာပြီ ..."

"မမအေး နိုရာရော ..."

လွန်းခါးထောက်ထားလျက် မမအေးကိုမေးလိုက်သည်။ မမအေးကတော့ လွန်းကိုကြောက်လို့ ခေါင်းငုံ့ထားသည်။

"မေးနေတယ်လေ ... နိုရာဘယ်မှာလဲလို့"

"ဟို ဟို ... အစ်ကိုလွန်း ... အဲ့တာက နိုရာက ..."

"ပြောလေ ... ဘာလို့ အထစ် အထစ် ဖြစ်နေရတာလဲ"

"နိုရာ သင်တန်းသွားတယ်"

"ဘာ! သင်တန်းသွားတယ် ဟုတ်လား ... နေမကောင်းတဲ့ကလေးကို မမအေးကဘာလို့ဒီအတိုင်းလွှတ်လိုက်ရတာလဲ ... မတားဘူးလား"

"တား တားပါတယ် ... ဒါပေမဲ့ နိုရာ နိုရာကရတယ်လို့ ပြောလို့ပါ ... မမအေးလည်း အဲ့တာနဲ့ ...."

"ရပြီ ရပြီ ... ကျွန်တော် အခုလိုက်သွားလိုက်မယ်"

"ဟုတ်ကဲ့ပါ"

နိုရာတစ်ယောက် လွန်းကိုအရွဲ့တိုက်ပြီး သင်တန်းကိုရောက်လာသည်။ သင်တန်းမှာ ချွေးတွေပြန်လာသည်။ အန်လည်းအန်ချင်လာပြန်သည်။ စာသင်နေတဲ့အချိန်ဖြစ်တာကြောင့် သည်းခံရင်း သည်းခံရင်း အမြင်အာရုံပါဝေဝါးလာသည်။ ကြည့်လေရာ ဝေဝါးလာသည်။ နိုရာ ထိုင်နေရာမှ လဲကျသွားရသည်။ တစ်စုံတစ်ခုလဲကျသွားသံကြောင့်အကုန်လုံးကလှည့်ကြည့်လာကြသည်။

"နိုရာ နိုရာ ... သတိထားဦး"

နိုရာ အမှောင်ကမ္ဘာထဲသို့ရောက်ရှိသွားရသည်။

"ဆရာ နိုရာ့အခြေအနေဘယ်လိုရှိလဲ"

"နှလုံးကအရမ်းအားနည်းနေပြီ ... အားနည်းနေတဲ့အချိန်အနားယူရမယ်လို့ ဆရာပြောခဲ့တယ်လေကွာ"

Just For You💛Where stories live. Discover now