"ကိုကိုလွန်း!"
ဆိုင်ထဲဝင်ခါနီးမှ လွန်း၏လက်ကိုနိုရာကဆွဲထားပြန်သည်။ ခေါင်းလေးကလည်းခါရမ်းပြနေသေးသည်။
"ဘာလို့လဲ နိုရာ"
"ဒီမှာမစားဘူး"
"ဘာလို့လဲ မကြိုက်လို့လား ... ဒီဆိုင်ကအစားအသောက်အရမ်းကောင်းတယ်လေ"
"မကြိုက်လို့မဟုတ်ဘူး ... ဒီဆိုင်က ဈေးကြီးတယ် ... ပိုက်ဆံကုန်တယ် မစားဘူး"
နိုရာကထူးဆန်းသည်။ ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာပေမဲ့ ပိုက်ဆံကိုရေလိုမသုံးတတ်ပါ။ ငယ်စဉ်ကတည်းကကပ်စေးနည်းတတ်တဲ့အကျင့်လေးတစ်ခုရှိသည်။
"ဒါဆို နိုရာကဘယ်ဆိုင်မှာစားချင်လို့လဲ"
နိုရာခေါင်းလေးပြန်မော့လာပြီး .....
"ကိုကိုလွန်း အချိန်ရလားဟင်"
"အင်း ရတယ် ... ဘာဖြစ်လို့လဲ"
"အဲ့တာဆို ကျွန်တော်တို့City Martသွားမယ်"
လွန်းကဘာမှမမေးဘဲ နိုရာစိတ်တိုင်းကျလုပ်နေသည်ကိုသာကြည့်နေမိသည်။ လွယ်အိတ်လေးလွယ်ပြီးအရှေ့ကနေလုံးလုံး လုံးလုံးနဲ့လျှောက်သွားနေသည့်နိုရာနောက်ကို လွန်းကလှည်းတွန်းပြီးလိုက်ရသည်။ ခေါင်းလေးကုတ်လိုက် ရွေးလိုက် ပြန်ချလိုက်နဲ့အလုပ်ရှုပ်နေသည့်နိုရာ့ကို လွန်းလိုက်ကြည့်နေမိသည်။
"ကိုကိုလွန်း"
အထုပ်ကလေးတွေယူလာပြီး လွန်းအနားရောက်လာပြန်သည်။
"ကိုကိုလွန်း ဘယ်ဟာကြိုက်လဲ"
သူယူလာသည့်လက်ထဲကအထုပ်ကလေးကိုပြပြီးလွန်းကိုမေးသည်။
"ဒါ"
"ကျွန်တော်ကအကုန်ကြိုက်တယ် ... အကုန်ယူမယ်"
*အဲ့တာကို ကျွန်တော်ဘယ်ဟာကြိုက်လဲလာမေးနေသေးတယ် တကယ့်ခွေးပေါက်လေး*
"ဟဲ့ နိုရာ!"
"ဟယ် သာသာ ... နင်ကဘယ်ကနေဘယ်လိုရောက်လာတာလဲ"
"ငါသူငယ်ချင်းတွေနဲ့မုန့်လာဝယ်တာ ... နင်ကရော"
"ငါလည်းမုန့်တွေလာဝယ်တာ"
YOU ARE READING
Just For You💛
Romanceလွန်းဂုဏ်ရှိန် 💛 နိုရာ ကိုယ်ချစ်နေရသူက ပွေလွန်းရှုပ်လွန်းသူဖြစ်နေသည့်အခါ မိမိကိုချစ်မြတ်နိုးလာနိုင်ပါ့မလား ..... ဤဇာတ်လမ်း၌ပါဝင်သော ဇာတ်ကောင်နှင့်ဇာတ်လမ်းပတ်ဝန်းကျင်တို့သည် စာရေးသူ၏စိတ်ကူးနှင့်ဖန်တီးမှုသပ်သပ်သာဖြစ်သည်။ Date - 14.1.2019 လြန္းဂုဏ္ရွိ...