အပိုင်း - ၄💛

36.7K 2.6K 49
                                    

ပါတီတွင် နိုရာ့ကိုဘယ်မှမလွှတ်ချင်သည်ကြောင့် နိုရာအအေးသောက်ချင်သည်ဆိုသည့်အတွက် လွန်းအအေးယူရန်ထွက်လာခဲ့လိုက်သည်။

"လွန်း ... ကိုလွန်း"

အနောက်ကလှမ်းခေါ်သံကြောင့်လွန်းလှည့်ကြည့်လိုက်သည်။ ရုတ်တရက်ကြီးအတင်းပြေးဝင်လာပြီး လွန်းကိုနမ်းတော့သည်။ လွန်းလည်းရုတ်တရက်ကြီးမို့ ကြောင်နေပြီးရပ်နေမိသည်။ ခဏနေမှ လွန်း ထိုမိန်းကလေးကိုတွန်းထုတ်ပစ်လိုက်သည်။

"မင်းကဘယ်သူလဲ"

"ကိုလွန်း ... အဲလစ်လေ မမှတ်မိတော့ဘူးလား ... နေ့လယ်က
ဖုန်းဆက်သေးတယ်လေ"

"ဪ မင်းလား အရမ်းပြောင်းလဲသွားတာပဲ ... မင်းနဲ့ငါကဘာမှမဆိုင်တော့ဘူးလေ ... ဘာလို့ငါ့ကိုလာနမ်းနေရတာလဲ"

"အဲလစ်ကလေ လွန်းမရှိရင်မနေနိုင်ဘူး ... လွန်း အဲလစ်တို့အစကပြန်စရအောင်နော်"

"ဟက် ဆောရီးပဲအဲလစ် စိတ်မဝင်စားဘူး ... ပြီးတော့ ငါကအခုအိမ်ထောင်သည် မင်းဆင်ခြင်ပါ ... နောက်တစ်ခါဆို ငါဒီအတိုင်းလွှတ်ပေးမှာမဟုတ်ဘူး"

လွန်းကဟိုဘက်လှည့်ထွက်မည်ကို အဲလစ်ကပြန်ဆွဲလိုက်ပြီး
နောက်တစ်ကြိမ်ထပ်မံနမ်းပြန်သည်။ အဲလစ်ကအနည်းငယ်မူးနေတော့အလွန်အားသန်နေသည်။ လွန်းတော်တော်နဲ့ရုန်းထွက်၍မရဖြစ်နေသည်။ လွန်း ဒေါသလည်းထွက်လာပြီး အဲလစ်ကိုအတင်းတွန်းထုတ်ပစ်လိုက်သည်။

"ဖယ်စမ်း အဲလစ် ... မင်းရူးနေပြီလား"

*နိုရာ ထွက်ပြေးသွားတာနိုရာလား*

လွန်း တစ်စုံတစ်ယောက်ထွက်ပြေးသွားတာကိုရိပ်ခနဲမြင်လိုက်ရသည်။ နိုရာလားဆိုသည့်အသိကြောင့် နိုရာ့ကိုစောင့်ခိုင်းထားသည့်နေရာကိုပြန်သွားကြည့်လိုက်သည်။ နေရာတွင် နိုရာရှိမနေတော့ပါ။ လွန်းအအေးမယူတော့ဘဲ ထွက်ပြေးသွားတဲ့သူနောက်ပြေးလိုက်ခဲ့သည်။ ပတ်ဝန်းကျင်ကိုစေ့စေ့ကြည့်သော်လည်း နိုရာ့ကိုမတွေ့ပါ။

"ရှင်း ... နိုရာဘယ်မှာလဲ ... အခုချက်ချင်းရှာပေး"

လွန်း၏အတွင်းရေးမှူးကိုပါ နိုရာ့ကိုရှာဖို့အကူအညီတောင်းလိုက်သည်။ လွန်းကနိုရာ့ကိုဖုန်းတွေဆက်နေသည်။

Just For You💛Where stories live. Discover now