အပိုင်း - ၁၆💛

26.6K 1.7K 84
                                    

"ကိုကိုလွန်း ... နိုရာ အိမ်သာသွားချင်တယ်

လွန်း ဆိုဖာပေါ်တွင်အိပ်နေတုန်း လွန်း၏လက်မောင်းကိုလက်ညှိုးလေးနဲ့တို့ပြီး ခေါင်းလေးငုံ့ကာပြောလာသည့် နိုရာ့ကြောင့် လွန်းပြုံးမိသည်။

"အင်း ... ကိုယ်လိုက်ပို့မယ်

အခုမှအားအင်ပြည့်စဖြစ်လာသည့်နိုရာ့ကို လွန်းကတွဲပေးရင်းလမ်းလျှောက်လာကြသည်။

"ခေါင်းတွေဘာတွေမူးသေးလား နိုရာ"

"ဟင့်အင်း မမူးတော့ဘူး ... ကိုကို ဘယ်မှမသွားနဲ့နော်"

"အင်းပါ စိတ်ချလက်ချသွား ... ကိုယ်အရှေ့မှာပဲစောင့်နေမယ်"

နိုရာ လှည့်ကြည့်လှည့်ကြည့်နဲ့ အိမ်သာထဲဝင်သွားသည်။ဆေးရုံတစ်ခုလုံးကလင်းထိန်နေသော်လည်း ဆေးရုံဟူသောအသိကြောင့် ကြောက်စိတ်ကဝင်နေသည်။ နေ့လယ်ဆေးစစ်တုန်းက ဘေးနားကကောင်မလေးနှစ်ယောက်ပြောနေသည်ကိုနိုရာကြားခဲ့သည်။ ဆေးရုံမှာသဲရဲခြောက်သည့်အကြောင်းပြောနေကြတာကို နိုရာစပ်စပ်စုစုနဲ့အပီအပြင်နားထောင်ခဲ့ပြီးမှ အခုအိမ်သာသွားတော့ကြောကါနေလေသည်။ ခဏအကြာနိုရာလှစ်ခနဲပြန်ထွက်လာသည်။ မျက်လုံးလေးကလည်းပြူးနေသေးသည်။

"ကိုကိုရေ သွားမယ် ... ဟိုဘက်ကရေသံတွေကြားတယ်"

နိုရာ့ပုံစံလေးကိုကြည့်ပြီး လွန်းရယ်ချင်မိသည်။ ကြောက်တတ်လိုက်တာလည်းသူ့အပြင်နှစ်ယောက်မရှိ ကြည့်လိုက်ရသည့်သရဲကား နားထောင်လိုက်ရသည့်သရဲအကြောင်းကလည်းသူ့အပြင်နှစ်ယောက်မရှိ။

"ကိုကို နိုရာတကယ်ကြားလိုက်တာ ... ရေသံတွေ ... နိုရာကြည့်လိုက်တော့လည်း ဘယ်သူမှမရှိဘူး ... ကြောက်စရာကြီး"

"သွားကြည့်လိုက်သေးတယ်ပေါ့ ... ဟယ်လိုနိုရာရေဆိုပြီး ထွက်နှုတ်မဆက်ဘူးလား"

"အကျင့်ကယုတ်ပြီ ... ကိုကိုသွားနှုတ်ဆက်ပါလား ...  နောက်တစ်ခါဆေးရုံဘယ်တော့မှမတက်ဘူး ... မနက်ဖြန်တော့ပြန်လို့ရပြီမလားဟင်"

"အင်း ရပါပြီ ... မနက်ဆိုပြန်ကြမယ်လေနော်"

"အင်း"

Just For You💛Where stories live. Discover now