Nora's Thingyan💦

23K 1.2K 75
                                    

မနက်ခင်းရဲ့နေရောင်ခြည်ဖျော့ဖျော့လေးကလွန်းမျက်နှာပေါ်တွင်ဖြန့်ကျက်ကာနေရာယူလာသည်။ အကြောင်းကား ခေါင်းရင်းကခန်းဆီးကိုနိုရာကဆွဲဖွင့်လိုက်ခြင်းကြောင့်ဖြစ်သည်။

"ကိုကို ထပါဆိုဗျာ ... ပိတောက်ပန်းခူးပေး ... နိုရာဘုရားကိုလှူချင်လို့"

"အင်း"

လွန်း တစ်ပတ်လှိမ့်ပြီး ပြန်အိပ်သွားသည်။ နိုရာ ဒေါသထွက်လာသည်။

"ဟာ ... ကိုကိုလွန်း ထပါဆိုဗျာ ... ပိတောက်ပန်းခူးပေးလို့"

နိုရာအသံပြဲပြဲလေးနဲ့အော်လိုက်မှ ပြူးပြူးပြဲပြဲနဲ့ထထိုင်လာတော့သည်။

"အင်းအင်း ခူးပေးမယ် ... လာပါဦး ... အရင်ဆုံးမောနင်းကစ်လေးအရင်ပေးပါဦး"

နိုရာ လွန်း၏မျက်နှာအနှံ့အနမ်းမိုးတွေရွာသွန်းပေးလိုက်ပြီး ...

"ချစ်ရတဲ့ကိုကိုရုပ်ဆိုးကြီး ပိတောက်ပန်းခူးပေးနော်"

"မနေ့ကပြောတော့ ကိုယ်ကစောက်ချောကြီးပါဆို"

"အဲ့တာမနေ့က ... ဒီနေ့ကမတူတော့ဘူး ... သူများတွေမခူးခင် နိုရာ့ကိုပိတောက်ပန်းခူးပေးပါနော်"

"အင်း ကိုယ်မျက်နှာသစ်လိုက်ဦးမယ်"

"ဟုတ်"

ဘယ်လောက်တောင်တက်ကြွနေလဲမသိ ပိတောက်ပင်အောက်မှာရေအစိုခံပြီးထိုင်စောင့်နေသည်။ ကလေးတွေကလည်း နိုရာ့နားတွင်ဝိုင်းဝိုင်းလည်ဖြစ်နေသည်။ အိမ်ထဲကထွက်လာတဲ့လွန်းကိုမြင်တော့ လွန်းဆီဝိုင်းအုံသွားပြန်သည်။ ချစ်ရတဲ့သူကပိတောက်ပန်းလိုချင်တယ်ဆိုတော့ ပုဆိုးကိုခါးတောင်းကျိုက် သစ်ပင်ပေါ်တက်ရတာပေါ့။ အပင်ကသိပ်မမြင့်တာပဲကံကောင်းတယ်ပြောရမယ်။ ပိတောက်ပန်းခူးတော့ ကလေးတွေကပါလိုချင်လာကြပြန်ရော။ အဲ့တော့ကလေးတွေအတွက်ပါ ဆက်ခူးပေးရတာပေါ့။ ကိုယ်တော်လေးကတော့ အောက်ကနေပြုံးပြီးမော့ကြည့်နေတာ။

"ကိုကို ရပြီ ... ဆင်းခဲ့တော့"

"အင်းအင်း"

ပိတောက်ပန်းတွေပိုက်ပြီး အိမ်အပြန်လမ်းကမွှေးနေတာပေါ့။

Just For You💛Where stories live. Discover now