အပိုင်း - ၁၁💛

33.8K 2.6K 72
                                    

မနက်ခင်းမျက်စိထဲမှာလင်းခနဲဖြစ်သွားသောကြောင့်နိုရာနိုးလာသည်။ တရားခံက နေ၏အလင်းရောင်ဖြစ်နေသည်။ နိုရာအပျင်းကြောဆန့်ပြီး ငုတ်တုပ်ထထိုင်လိုက်သည်။ ဘေးကိုကြည့်လိုက်သည့်အခါ လွန်းမရှိတော့ပါ။ နိုရာစားပွဲပေါ်ကဖုန်းကိုယူပြီးနာရီကြည့်လိုက်သည်။ ၈နာရီတိတိထိုးနေပြီဖြစ်သည်။ မက်ဆေ့ချ်တစ်စောင်လည်းဝင်ထားသည်မို့ စာကိုဖတ်လိုက်သည်။

{ကိုယ်အလုပ်သွားပြီ စားပွဲပေါ်မှာပျားရည်ဖျော်ထားတယ် သောက်လိုက်‌နော် မနက်စာစားပြီးဆေးသောက်သွားဦး ကျောင်းသွားဖို့ ကိုယ်ကားလွှတ်ပေးလိုက်မယ်}

"ငါ့ကိုလိုက်တောင်မပို့တော့ဘူး ... စိတ်ဆိုးသွားတာလားမသိဘူး"

လွန်းပြောသည့်အတိုင်းပျားရည်သောက်လိုက်သည်။ ရေချိုးပြီး မနက်စာစားကာဆေးသောက်လိုက်သည်။ ကျောင်းသွားရန်အိမ်ရှေ့ထွက်လိုက်မှ လွန်းကားကိုတွေ့လိုက်ရသည်။

"ဟင် ကိုကိုလွန်းကကားမယူသွားဘူးလား"

အကြောင်းကိုသိချင်သည်ကြောင့် ခြံစောင့်ခေါ်ထားသည့်ဘကြီးအနားသွားပြီးမေးလိုက်သည်။

"ဘကြီး ... ဘကြီး"

"ဘာခိုင်းစရာများရှိလို့လဲ လူလေး"

"မဟုတ်ပါဘူး ... ဘကြီး ကိုကိုကကားယူမသွားဘူးလား"

"ဟုတ်တယ်လူလေး ... ဒီနေ့ကားမမောင်းချင်လို့တဲ့ ... သူ့အတွင်းရေးမှူးလာခေါ်သွားတယ်"

"ဟုတ်လား"

လွန်းလွှတ်လိုက်သည့်ကားကအိမ်ရှေ့ရောက်လာပြီမို့ ဘကြီးကိုနှုတ်ဆက်ပြီးကားပေါ်တက်လိုက်သည်။

"ကျွန်တော်ကျောင်းသွားပြီနော် ... ခြံတံခါးသေချာပိတ်ထားနော် ဘကြီး"

"ဟုတ်ကဲ့ပါလူလေး"

ညကကိစ္စတွေကို နိုရာတစ်ခုမှမမှတ်မိပါ။ လွန်းကိုကိုက်ခဲ့တာတွေ အမူးလွန်ပြီးကုတင်ပေါ်ကပြုတ်ကျမလိုဖြစ်လို့ လွန်းပြေးထိန်းလိုက်တာ လွန်းခါးနာသွားရတာတွေ နိုရာဘာတစ်ခုမှမမှတ်မိပါ။

"ဟဲ့ ပပ ... ညကကိုကိုလွန်းငါ့ကိုလာခေါ်တာလား"

"အေးလေ ... နင်မှောက်သွားလို့ငါဖုန်းဆက်ပေးတာ နင်မမှတ်မိဘူးလား"

Just For You💛Where stories live. Discover now