အပိုင်း - ၅💛

36.3K 2.4K 44
                                    

*ကိုကိုလွန်းကလေ ကြည့်လေချောလေပဲ ... ကျွန်တော်ကချစ်နေလို့လားတော့မသိဘူး ... ကျွန်တော့်မျက်စိထဲမှာတော့အမြဲချောတယ် အမြဲကြည့်လို့ကောင်းတယ် ဟီးဟီး*

နိုရာတစ်ယောက် ထိုင်နေပြီးပြုံးစိစိနဲ့ဖြစ်နေသည်ကိုလွန်းတွေ့လိုက်သည်ကြောင့် နိုရာ့ကိုလှမ်းမေးလိုက်သည်။

"ဘာတွေပြုံးစိစိဖြစ်နေရပြန်တာလဲ ... ပြောပါဦးနိုရာ"

လွန်း စားပွဲတွင်ပြန့်ကျဲနေသောဖိုင်များကိုသိမ်းလိုက်ပြီး နိုရာ့ဘေးနားလာထိုင်လိုက်သည်။

"ကိုကိုလွန်းကချောလို့"

ခေါင်းကိုအတင်းငုံ့ထားပြီးပြောနေတဲ့နိုရာ၏မျက်နှာတစ်ခုလုံးနီရဲနေပြီဆိုတာ လွန်းသိပါသည်။

"ဟားဟား ကိုယ်ချောတာကိုယ်သိတာပေါ့ ... ဒါပေမဲ့ နိုရာကပြောတော့ ကိုယ်မာန်တက်နေပြီ"

"မနောက်ပါနဲ့တော့ဗျာ"

"အင်းပါ မနောက်တော့ပါဘူး ... နိုရာဘာစားဦးမလဲ ... မာမားတို့အိမ်ရောက်မှစားမှာလား"

လွန်းဘက်ကမေးလာသည်မို့ ရတုန်းရခိုက်အချိန်ယူထားရမည်ဆိုသည့်အတွေး နိုရာ့ခေါင်းထဲသို့ဝင်လာသည်။

"ဟင့်အင်း ... ကိုကိုလွန်းနဲ့အတူတူ အပြင်မှာစားမယ်"

"အင်း ဟုတ်ပြီ ... ဘာစားမှာလဲ"

"မာလာရှမ်းကောစားချင်တယ်"

"အင်း နိုရာဆိုင်သိလား ... ကိုယ်ကအဲ့တာ‌တွေမသိဘူး"

"ဟုတ် ... ကျွန်တော်သိတယ်"

"လာ ဒါဆိုသွားမယ်"

လွယ်အိတ်ကလေးကောက်လွယ်ပြီး လွန်းလက်မောင်းကိုတွဲလိုက်သည်။

"ရှင်း‌ရေ မင်းအလုပ်ဆင်းလို့ရပြီနော်"

"ဟုတ်ကဲ့ပါCEO ... ဒီဖိုင်တွဲလေးလုပ်လို့ပြီးရင် ဆင်းမှာပါ"

"အိုခေ ... ဒါဆိုကျွန်တော်သွားပြီ"

နိုရာကလွန်းရဲ့လက်မောင်းကိုပျောက်သွားတော့မည့်အလား အတင်းတွဲထားလေသည်။

*ကိုကိုလွန်းရဲ့လက်မောင်းကအရမ်းတွဲလို့ကောင်းတာပဲ*

"မင်္ဂလာပါCEO အလုပ်ဆင်းပြီလား ... ဪ နိုရာလေးလည်းပါလာတာပဲ"

Just For You💛Where stories live. Discover now