အပိုင်း - ၉💛

32.9K 2.3K 73
                                    

"ဂုဏ်ရှိန်!"

"ရတနာ!"

နိုရာ လမ်းကူးမိတာကိုနောက်တရမိသည်။ မျက်နှာချင်းဆိုင်မှာရပ်နေသည့်ကောင်မလေးကို ခေါင်းအစခြေအဆုံးလိုက်သေချာကြည့်နေသည်။ နိုရာမျက်မှောင်လေးကုပ်လာသည်။

*ကိုကိုလွန်းမှာဘာလို့ကောင်မလေးတွေအရမ်းများရတာလဲ*

"နင် တော်တော်ချောလာတာပဲ"

"အရင်ကလည်းချောတယ်မလား"

"ချောပါတယ်ဟယ် ... ဒါနဲ့ ဘေးနားက ဘယ်သူ ..."

လွန်းရဲ့လက်ကိုတွဲပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေတဲ့နိုရာ့ကိုတွေ့တော့ ရတနာကမေးလိုက်သည်။ လွန်းကနိုရာ့ကိုကြည့်ပြီးပြုံးလိုက်သည်။

"ငါ့ခင်ပွန်းပေါက်စနလေး ... ငါနဲ့လက်ထပ်ထားတာ"

"ဟယ်!"

ရတနာ့အသံကို နိုရာလန့်သွားပြီး လွန်းရဲ့လက်ကိုဆုပ်ကိုင်လာသည်။

"ရွေးတတ်လိုက်တာဟယ် ... ကြည့်ပါဦး ချစ်စရာလေး ... နာမည်လေးကဘယ်လိုခေါ်လဲ"

"နိုရာ"

"ဟယ်! လဒရယ် ... နင်ကလေးကိုဟယ် ... ရွေးတတ်လိုက်တာ ... ချစ်စရာလေး ငါတော့ချစ်သွားပြီ ... နေပါဦး နင်ဘယ်တုန်းကမင်္ဂလာဆောင်လိုက်တာလဲ ... ငါတောင်မသိရပါလား"

"နင်ကနင့်ဘာသာနင်နိုင်ငံခြားမှာပျော်မြူးနေတာလေ ... အဲ့တာတော့ငါလည်းမတတ်နိုင်ဘူး"

"ထားပါတော့ ... နိုရာရေ မမနာမည်ကိုမှတ်ထားနော် ... မမနာမည်ကရတနာလင်းပါ ... လွန်းဂုဏ်ရှိန်ရဲ့သူငယ်ချင်း ... နိုရာနဲ့ဂုဏ်ရှိန်က ဘယ်လိုတွေ့ကြတာလဲ ... စပ်စုတယ်လို့တော့မထင်နဲ့နော် ... မမကအဲ့လိုမေးရတာဝါသနာပါနေလို့ ဟီးဟီး"

နိုရာ လွန်းကိုမော့ကြည့်လိုက်သည်။ လွန်း နိုရာ့ကိုပြုံးပြလိုက်သည်။

"နင်ဟာလေ တော်တော့်ကိုအမေးအမြန်းထူတယ် ... ပြောလိုက်လေနိုရာ ... မကြောက်ပါနဲ့"

"ဟုတ် ... ကိုကိုလွန်းနဲ့ကျွန်တော်က ..."

နိုရာဘာမှတောင်မပြောရသေး ရတနာထအော်ပြန်သည်။ လွန်းကတော့လေပူတစ်ချက်မှုတ်ထုတ်ပြီး ခေါင်းတရမ်းရမ်းနဲ့သာကြည့်နေရသည်။

Just For You💛Where stories live. Discover now