အပိုင်း - ၁၂💛

31.6K 2K 28
                                    

"ကိုကိုရေ ... ထပါဗျို့ ... စာမေးပွဲပြီးရင် နိုရာသွားချင်တဲ့နေရာကိုလိုက်ပို့ပေးမယ်ဆို ... ကိုကိုလွန်းကိုယ်တိုင်ပါးစပ်ကနေပြောထားတာလေ ... ထပါဗျို့"

"အင်း ..."

'အင်း' ဟုဆိုကာ တစ်ဖက်ကိုလှည့်သွားသည့်လွန်းဂုဏ်ရှိန်ကြောင့် နိုရာမျက်မှောင်ကုပ်လာသည်။

"ကိုကိုမလိုက်ပို့ရင် နိုရာ့ဘာသာတစ်ယောက်တည်းသွားလိုက်မှာနော်"

လွန်းဆီမှမည်သည့်တုံ့ပြန်ဖြေဆိုချက်မှမလာသည်ကြောင့် နိုရာတစ်ယောက်ခြေဆောင့်ကာ အခန်းထဲမှထွက်သွားပြီး လှေကားထစ်ကလေးတွင်ငုတ်တုပ်ထိုင်နေလေသည်။

"နေပေါ့ နေပေါ့ ... တစ်ယောက်တည်းသွားပြီး အလှလေးတွေနဲ့သာယာပစ်လိုက်မယ် ... နေခဲ့တော့"

"ဪ ... အလှလေးတွေနဲ့သာယာတော့မယ်ပေါ့လေ"

လှေကားတစ်တွင်ငုတ်တုပ်လေးထိုင်နေသည့်နိုရာ့ဘေးနားကို လွန်းရောက်လာသည်။

"ဟုတ်တယ် ... အလှလေးတွေနဲ့သာယာမှာ ... ကိုကိုကအိုသွားပြီ"

"ဒါဆို နှစ်ဦးနှစ်ဖက်ညီမျှသွားအောင် ... နိုရာကအလှလေးတွေနဲ့သာယာ ကိုယ်ကလည်းကောင်မလေးတွေနဲ့တစ်ညအိပ်လိုက်မယ်လေ ... ဘယ်လိုလဲ"

"အိပ်ပေါ့ အိပ်ပေါ့ ... နိုရာဂရုမစိုက်တော့ဘူး"

"တကယ်နော် ... ကိုကိုဖုန်းဆက်ပြီနော် ... ဖုန်းထုတ်လိုက်ပါပြီ ... နံပါတ်ကလေးတွေနှိပ်နေပြီနော် ... ခေါ်တော့မယ်နော် ..."

"ကိုကိုလွန်း!"

နိုရာတစ်ယောက် ဖုန်းကိုဆွဲယူလိုက်ပြီး ရင်ခွင်ထဲအတင်းတိုးဝင်ပစ်လိုက်သည်။ လွန်းကနိုရာ့ရဲ့ခေါင်းလုံးလုံးလေးကိုနမ်းလိုက်သည်။

"ဝက်ပေါက်ကလေးကိုလိုက်ပို့မှာပေါ့ ... မဟုတ်တာကိုစိတ်ကောက်တတ်တယ် ကောက်တေးလေး ... သူငယ်ချင်းကသင်ပေးတဲ့အတိုင်းလျှောက်လုပ်မနေနဲ့"

"ဟီးဟီး ကိုကိုကဘယ်လိုသိတာလဲ"

နိုရာ လွန်း၏ရင်ခွင်ထဲကနေမော့ကြည့်ရင်း မေးလာသည်။

"သိတာပေါ့ ... ကလေးဘေးနားမှာကိုယ့်လူတွေမှအများကြီးပဲ ... ကိုကိုကသေချာလွှတ်ထားတာ"

Just For You💛Where stories live. Discover now