နိုရာ့စာအုပ်ကြားထဲကစာရွက်ကလေးကို လွန်းကလုံးချေကာအမှိုက်ပုံးထဲသို့ထည့်ပစ်လိုက်သည်။
"ဒီမှာ ငါတစ်ယောက်လုံးငုတ်တုပ်ရှိနေတာကို ဘယ်ကောင်မလေးကရည်းစားစာပေးရဲတာလဲ"
စာထဲတွင်ရေးထားသည့်နောက်ဆုံးအကြောင်းမှာ ကျောင်းအားကစားကွင်းထဲမှာစောင့်နေမယ်နော်လာခဲ့ပါကိုကိုနိုရာ ဆိုသည်ကြောင့် လွန်း မနက်ဖြန်နိုရာ့ကိုကျောင်းမပို့တော့ပါ။
"ညက စာကြည့်ခန်းထဲမှာပါ"
နိုရာ နိုးလာသည်နှင့်သူ့ဘေးကိုကြည့်လိုက်သည်။ နိုရာ့ဘေးမှာ လွန်းမရှိတော့ပါ။
*ဟွန့် အစောကြီးထွက်သွားပြန်ပြီထင်တယ်*
နိုရာ စောင်ပုံထဲကအတင်းတိုးထွက်လိုက်ပြီး ရေချိုးခန်းထဲခေါင်းကုတ်ကာဝင်သွားသည်။
ခလွမ်း!
အောက်ထပ်ကလာသည့်အသံကြောင့် နိုရာသွားတိုက်နေရင်းမျက်လုံးပြူးသွားရသည်။
"အောက်ထပ်ကဘယ်သူလဲ ... ဒေါ်ကြီးကရွာပြန်သွားတယ် ... ကိုကိုကအလုပ်သွားပြီ ... ကျန်နေတဲ့ငါကအပေါ်ထပ်မှာလေ"
နိုရာ မြန်မြန်ပလုပ်ကျင်းပြီး အခန်းထဲမှကုတ်ချောင်းကုတ်ချောင်းနဲ့ထွက်လာသည်။ လက်ထဲမှာလည်းပန်းအိုးကြီးကိုင်လျက်အောက်သို့ဆင်းလာသည်။ မီးဖိုချောင်ထဲတွင် ဖန်ကွဲစတွေကိုကောက်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသည်။ နိုရာ့ကိုထိုလူကကျောခိုင်းထားသည်ကြောင့် ဘယ်သူဘယ်ဝါမှန်း နိုရာမသိပါ။ ထိုလူကမတ်တပ်ထရပ်လိုက်ပြီး နိုရာ့ဘက်ကိုလှည့်လိုက်သည့်အခါ နိုရာကမျက်လုံးစုံမှိတ်ချပြီးပန်းအိုးနဲ့ရိုက်ချပစ်လိုက်သည်။
"အား!"
အသံကလွန်းအသံနဲ့တူလို့ နိုရာမျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုလူကလွန်းဖြစ်နေခဲ့သည်။ ထို့အပြင် ခေါင်းကိုထိရမယ့်အစား လက်နဲ့ခံလိုက်သည်ကြောင့်လက်ကိုသာထိခိုက်သွားခဲ့သည်။
"ဟင် ... ကိုကိုလွန်း"
"အား ... နိုရာရယ် ဘယ်လိုလုပ်လိုက်တာလဲ ... နာလိုက်တာ"
YOU ARE READING
Just For You💛
Romanceလွန်းဂုဏ်ရှိန် 💛 နိုရာ ကိုယ်ချစ်နေရသူက ပွေလွန်းရှုပ်လွန်းသူဖြစ်နေသည့်အခါ မိမိကိုချစ်မြတ်နိုးလာနိုင်ပါ့မလား ..... ဤဇာတ်လမ်း၌ပါဝင်သော ဇာတ်ကောင်နှင့်ဇာတ်လမ်းပတ်ဝန်းကျင်တို့သည် စာရေးသူ၏စိတ်ကူးနှင့်ဖန်တီးမှုသပ်သပ်သာဖြစ်သည်။ Date - 14.1.2019 လြန္းဂုဏ္ရွိ...