အပိုင်း - ၆💛

33K 2.3K 31
                                    

ဤနေ့သည် နိုရာဆေးရုံပြရမည့်နေ့ဖြစ်သည်။ နိုရာ့ကိုဆေးရုံပြရမည့်အစား လွန်းမိကျောင်းပါးစပ်ထဲသာခုန်ဆင်းချင်မိသည်။

"နိုရာ ဂျီမတိုက်နဲ့ ... အဝတ်လဲ"

"ဟင့်အင်း မသွားချင်ဘူး ... သူတို့က သွေးလည်းထုတ်တယ် ဆေးလည်းထိုးတယ် ... CTတွေလည်းရိုက်ရတယ် ... ဟင့်အင်း မသွားဘူး ... တစ်ခါလောက်မသွားလည်းရတယ်"

"မရဘူး ... ဆေးရုံသွားမှ နိုရာ့ရဲ့ရောဂါအခြေအနေသိရမယ် ... ဒါမှ ဘယ်ဆေးကိုတော့ဆက်သောက်ရမယ် ... ဘယ်ဆေးကိုတော့မသောက်ရတော့ဘူးဆိုတာသိမှာပေါ့"

"အူးဝါး ... မသွားချင်ဘူး ဟင့်"

"ကျစ်! နိုရာ မငိုနဲ့ကွာ အရမ်းငိုနေလို့မရဘူးလေ ... တိတ်တော့ ... ငိုနေမယ်ဆိုရင် ကိုယ်ကောင်မလေးနဲ့သွားချိန်းတွေ့လိုက်မယ်"

နိုရာကသူ့ကိုချစ်နေသည်ဆိုတာသိထားသည်မို့ နိုရာအငိုတိတ်နိုင်သည့်လက်နက်နဲ့ခြိမ်းခြောက်ပစ်လိုက်သည်။

*အမယ့် အငိုတိတ်သား ... ဒီလက်နက်ကမဆိုးဘူး*

နှုတ်ခမ်းလေးကစူစူလေးနဲ့ ...

"သွားမယ် ခဏစောင့် ... အဝတ်လဲလိုက်ဦးမယ်"

ကော့ကော့ ကော့ကော့နဲ့အဝတ်လဲခန်းထဲဝင်သွားပြီးပြန်ထွက်
လာသည်။ ထွက်လာတော့Hoddieအဖြူလေးတစ်ထည်သာထပ်ဝတ်ထားသည်။

"ရပြီ သွားမယ်"

အစောတုန်းကတော့ ငိုနေတဲ့နိုရာက အခုတော့သူမဟုတ်သည့်အတိုင်းပင်။ နိုရာ့ကိုကြည့်ပြီး လွန်းရယ်မိသည်။

"ဒေါ်ကြီးရေ ကျွန်တော်တို့သွားလိုက်ဦးမယ်"

"အေးအေး ... ထမင်းကအိမ်မှာပဲစားကြမှာလား"

"မသေချာဘူးဒေါ်ကြီး ... နိုရာကအပြင်မှာစားမလားမသိဘူး"

"ကိုကိုလွန်း လာလေ ... ဘာလုပ်နေတာလဲ"

အိမ်ရှေ့ကနေ အော်ခေါ်နေတဲ့နိုရာကြောင့် ဒေါ်ကြီးကိုပြောစရာရှိတာမြန်မြန်ပြောပြီးထွက်လာရသည်။ နိုရာကားပေါ်မှာနှုတ်ခမ်းလေးကစူပြီး ဘာတွေသဘောမကျဖြစ်နေလဲမသိ။ တစ်ခေါက်တစ်ခေါက်ပွစိပွစိနဲ့ပြောသေးသည်။

Just For You💛Where stories live. Discover now