စတင်ရာ အခန်းတစ်

36K 2.2K 277
                                    


[Zawgyi]

ကျွန်တော့်လိုထူးထူးဆန်းဆန်းအခက်အခဲကို ခင်ဗျားတို့ကြုံဖူးကြလား?
ကိုယ့်ရဲ့ Best Friendကို ပြန်ကြိုက်မိတဲ့ဟာမျိုး
ဒါကမိန်းကလေးနဲ့ယောင်္ကျားလေးသူငယ်ချင်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမျိုးမို့ ထူးဆန်းတာလဲမဟုတ်သလို ချစ်သူဖြစ်နိုင်ချေ 75%ရှိတာကြောင့် ခက်ခဲတယ်မခေါ်သေးဘူး။

အထူးအဆန်းက အခုမှစမှာ။
ခင်ဗျားရဲ့သူငယ်ချင်းက ခင်ဗျားလိုပဲယောင်္ကျားလေး ဒါမှမဟုတ်မိန်းကလေး။ လိင်တူကြိုက်မိတယ်ဆိုပါတော့ ။ထူးဆန်းသွားပြီ ။ ဒါတောင် ခင်ဗျားမှာ 50% အခွင့်အရေးကျန်သေးတယ်။သူကလဲ ခင်ဗျားလိုပဲ ဂေးတစ်ယောက်ဆိုရင်ပေါ့။

ကျွန်တော့်အတွက်တော့ သူက Straight စစ်စစ် ။ ရေလဲမရော သကြားလဲမပါ ဓာတုပစ္စည်းကင်းစင်လွန်းတဲ့ အဖြောင့်ကောင်ကြီး!!! ဒါ အခက်အခဲအကြီးစားပဲ!

ကြိုက်ပါတယ်လို့ဖွင့်ပြောမိရင် မျက်နှာကိုဆွဲထိုး သူငယ်ချင်းကနေအဆက်ဖြတ် ဆိုရင်ရင်ကွဲနာကျရုံပဲ။ တခါတည်းသတ်သွားရင် ကိစ္စတုံးမဲ့အဖြစ်ပဲ။

ဒီတော့ တစ်ယောက်ထဲအခန်းတံခါးပိတ် အဆွေးသီချင်းတွေနဲ့အဖော်ပြုနေရတဲ့ အလွမ်းသမားလေးရာထူးမှာပဲ တည်ဆဲပေါ့။   ။

_____________________

"အလယ်တန်း တတိယနှစ် အခန်းA"

အခန်းရှေ့ရောက်တာနဲ့ ပုခုံးပေါ်က လွယ်အိတ်ကြိုးနှစ်ခုကို တင်းတင်းဆုပ်ကိုင်ထားရင်း ခြေစုံရပ်ထားမိတုံးပဲ။ ဒီနေ့တော့ ရပ်ပါစေ ဆိုပြီး ဆုတောင်းနေပေမဲ့စိတ်ထဲက ဖြစ်လာမှာကို သိနေတယ်။

"ဟင်း……"

သက်ပြင်းကို ခပ်တိုတိုချလိုက်ပြီး ခေါင်းငုံ့ရင်း ခပ်သွတ်သွတ်ဝင်လာပေမဲ့ နာမည်ခေါ်လိုက်တိုင်း ခြေထောက်တွေကရပ်တန့်သွားတုန်းပဲ။

"ဟေ့! Kim Taehyung"

နှာခေါင်းပေါ်က လျောကျချင်နေတဲ့ မျက်မှန်ကိုင်းထူထူကိုပင့်တင်ရင်း ရှေ့ဆက်ဖို့ပဲအာရုံဆက်လိုက်တယ်။

ကိုယ့်နေရာရောက်တာနဲ့ လွယ်အိတ်ထဲက စာအုပ်တွေကို ပုံမှန်အတိုင်းထုတ်နေခဲ့ပေမဲ့ မျက်ဝန်းထောင့်က ခိုးခိုးခစ်ခစ်ရယ်နေတဲ့ မိန်းကလေးတွေကို လျစ်လျူမရှူနိုင်ခဲ့ဘူး။ရုတ်တရက် မနေနိုင်စွာပဲ သင်ပုန်းကိုကြည့်မိလိုက်တော့ ခါတိုင်းလိုပါပဲ ဒါမျိုးတွေ

My Best FriendWhere stories live. Discover now