Chapter 1

36.2K 1.6K 79
                                    

/Unicode/

ဖျတ် ဖျတ် ဖျတ်~~~~

အိမ်ကိုပြန်တဲ့လမ်းမှာ ရုတ်တရက်အနောက်နားက
ခပ်သဲ့သဲ့ကြားလိုက်ရတဲ့ အသံကြောင့် Jimin
အနောက်ကို လှည့်ကြည့်မိတော့ မှောင်မည်းနေတဲ့
လမ်းမကြီးကိုသာ မျက်စိတစ်ဆုံးတွေ့ရသည်။
ငါပဲ စိတ်ထင်နေတာလား?????

စိတ်လှုပ်ရှားရင် ကိုင်ထားနေကျ လည်ပင်းက ဆွဲကြိုး
လေးကို စမ်းကြည့်မိမှ သူစိတ်ထင်နေတာ မဟုတ်ပဲ
တကယ်ကို နောက်ကလိုက်နေကြမှန်းသိတော့သည်။
ဆွဲကြိုးမှ မရှိတော့ပဲကို...။ မဝတ်ထားလို့မဖြစ်တဲ့
ဟာကိုမှ။

" ကျစ်!!! ဒုက္ခပဲ  "

Jimin စိတ်ရှုပ်စွာ နှုတ်က ခပ်တိုးတိုးရွတ်ရင်း နောက်
ကိုလှည့်မကြည့်ပဲ အားကုန်ပြေးရတော့သည်။
အဲ့ဒီ့တော့မှ နောက်က တစ်ဂီးဂီး တစ်ဂဲဂဲ မာန်ဖီသံနဲ့
အတူ နောက်က ပြေးလိုက်လာတဲ့ အသံတွေကို
ပီပီသသ ကြားလိုက်ရတယ်။

ဒီပုံအတိုင်းဆို အိမ်ဘက်ကို ပြေးလို့မဖြစ်ဘူး...။ လူနေ
ရပ်ကွက်မှာ နေထိုင်တဲ့ သူ့အတွက် ဒီလိုအဖြစ်မျိုး
ကြုံလာခဲ့ရင် လူရှင်းတဲ့ ဘောလုံးကွင်းလို နေရာမျိုးကို
သာရွေးချယ်ရသည်။ ပတ်ဝန်းကျင်ကတော့ အနောက်
က အကောင်တွေကို မြင်မှာမဟုတ်ပေမယ့် အပြန်
အလှန် တိုက်ခိုက်ကြတဲ့ ရလဒ်ကိုတော့ ခဏတစ်ဖြုတ်
ခံစားကြရမှာ။ ဥပမာ..မီးလောင်တာမျိုး..ရေခဲပြင်တွေ
ဖြစ်သွားတာမျိုး။ သိပ်မကြာခင် မူလအတိုင်း ပြန်ဖြစ်
သွားမှာ ဆိုပေမယ့် သူ့ အကြောင်းသိကုန်ကြမှာကို
မလိုလားဘူး။

အတွေးတစ်ချို့နဲ့အတူ Jimin ရဲ့ ခြေလှမ်းတွေက
ရပ်ကွက် ဘောလုံးကွင်းဆီ။ ဘောလုံးကွင်းကို မရောက်
ခင် အနောက်ကို လှည့်ကြည့်မိတော့ အနောက်က
လိုက်လာတဲ့ ဝံပုလွေတွေဟာ လေးငါးကောင်လောက်
ရှိတယ်။

ဘောလုံးကွင်းရှေ့ရောက်တော့ သော့ဂလောက်
တန်းလန်းနဲ့ သံဇကာက ဆီးကြိုနှုတ်ဆက်တယ်။
လုပ်နေကြအတိုင်း Jimin မြေပြင်ကို လက်တစ်ချက်
ထောက်ပြီးအားယူလိုက်ရင်း တစ်ရပ်မကမြင့်နေတဲ့
သံဇကာကိုခုန်ကျော်ကာ ဘောလုံးကွင်းထဲဝင်လိုက်
သည်။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Where stories live. Discover now