ကျွန်တော်သိတာပေါ့
အဒေးကသူတစ်ပါးအသားကိုနာအောင်လုပ်လိုက်တာဘာကြောင့်ဆိုတာ
ဒါ့အပြင်ထင်လင်းမော်ဆိုတော့အဒေးမုန်းနိုင်ပါတယ်
သူအရမ်းချစ်ရတယ့်ပါးကိုသူ့ရင်ခွင်ထဲက
ဆွဲထုတ်သွားတယ့်သူရဲ့သားဆိုတော့ပိုဆိုးတာပေါ့ ။ကျောင်းမှာလည်းကျွန်တော့်မှာ
ထင်လင်းခန့်ကိုရောထင်လင်းမော်လေးကိုတောင်းပန်ပေမယ့်၊
အဒေးကတော့ သူတို့ကိုမုန်းတယ့်အကြည့် တွေမနှစ်မြို့တယ့်အကြည့်တွေနဲ့ကြည့်နေတာ ။အိမ်ပြန်ရောက်တော့လည်းမိုးကိုရော
ကျွန်တော့ကိုရောဘာမှမပြောဘဲသူ့အခန်းထဲဝင်သွားတယ်
် ကျွန်တော်စိတ်မကောင်းဘူးအဒေးအတွက်ကိုပေါ့
ကျွန်တော်ဆုံးဖြတ်ထားတယ်
်ပါးကအဒေးရင်ခွင်ထဲကထွက်သွားပေမယ့်
ကျွန်တော်ကတော့အဒေးရဲ့ရင်ခွင်ကနေရောဘဝထဲကပါဘယ်တော့မှမထွက်သွားတော့ဖို့ဆုံးဖြတ်ထားခဲ့တယ်။တစ်ပတ်လောက်ကြာတော့အဒေးပုံမှန်ပြန်ဖြစ်လာတယ်
ကျောင်းပုံမှန်တတ်ကျူရှင်တတ်
် ထမင်းအချိန်မှန်စားတယ်
တစ်ခုဘဲပါးဖုန်းဆက်လည်းမကိုင်သလိုပါးလာတွေ့လည်းထွက်မတွေ့ခဲ့ဘူး။"ကိုး ကျောင်းသွားမယ်မြန်မြန်လုပ်မပြီးသေးဘူးလား"
"ပြီးပါပြီးအဒေးရယ့် လာပြီ "
ကျောင်းရောက်တော့ ထင်လင်းမော်နဲ့ရော ခန့်နဲ့ရောတွေ့တယ်လေ
ကျွန်တော်ကတော့ပါးရဲ့သားအရင်းမဟုတ်တယ့်အတွက်
ပါးကိုမမုန်းပေမယ့်စိတ်မကောင်းတော့ဖြစ်မိတယ်
်အဒေးကသိပ်ကိုအစွဲအလမ်းကြီးတာ
အဒေးကခန့်ကိုအရမ်းခင်ပေမယ့် အဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်းစကားလုံးဝကိုမပြောတော့တာပြီးတော့
ဲ မသိသလိုရှောင်ထွက်သွားတယ်။"အစ်ကိုမနေ့ကအာပြဲမပြောတာတွေကတကယ်လားဟင်ကိုကြီးကိုမေးတော့လည်းမဖြေဘူး"
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?