အပိုင်း(၁၀)

1.7K 64 0
                                    

ဒီ​က​နေ့​တော့ နိုးထလာသမျှ မနက်​ခင်း​တွေထဲ
မလန်းဆန်းဆုံး၊စိတ်​မ​ကောင်းဖွယ်​ရာပြည့်​နှက်​​နေတာဘဲ။
ကျွန်​မ ကို​မေ့​နေကြတာကို၊ကျွန်​မအ​ပါး၊အမိုး
ကိုး အားလုံးဟာ ကျွန်​မကိုစိတ်​ပျက်​သွားတာလား
စိတ်​ကုန်​သွားတာလား။
ကျွန်​မကို မချစ်​​ပေးနိုင်​ကြ​တော့တာလား
ကျွန်​မရဲ့ ဆိုးမိုက်​မှုကအဲ့​လောက်​​တောင်
အပြစ်​ကြီးသွားလား။
တန်​ရာတန်​​ကြေး​လေး​တောင်
ပြန်​မယူရတယ့်
ဘဝကိုပိုင်​ဆိုင်​ထားတာလား။
ကျွန်​မ ရဲ့ဖြစ်​တည်​မှုဟာ
အမှုန်​အမွှား​သေး​သေး​လေး
အ​နေနဲ့​တောင်​ တည်​ရှိမ​နေတာလား။
ဝမ်းနည်းလိုက်​တာ 
တကယ်​ကြီးဘဲ
ကျွန်​မဘက်​မှာဘယ်​သူ့မှ မရှိတာလား
ကျွန်​မကိုယ်​တိုင်​ဘဲ အဲ့လို​တွေး​နေမိလို့လား။

"အမိုး အ​ဒေးကိုမနက်​စာ စားဖို့
သွား​ခေါ်လိုက်​အုံးမယ်​"

"​နေအုံး ဖိုခွား ဖိုးသဒါကို သူနိုးလာမှအမိုး​ကျွေးလိုက်​မယ်​ "

"အမိုး ....အာ......ဟို​လေ......"

"ဘာသိချင်​လို့လဲ ဖိုးခွား ​မေး​လေ"

"ဟို​လေ အမိုး ........ဘာမှမဟုတ်​​တော့ပါဘူး"

သိတာ​ပေါ့ မိဘဘဲ​လေ သားသမီးမျက်​နှာတစ်​ချက်​ကြည့်​တာနဲ့ ဘာကိုအလိုရှိလဲဆိုတာ။
ဖိုးခွား တို့​မောင်​နှမရဲ့ချစ်​စဖွယ်​အမှုအရာက
ဟိုးက​လေး​သေး​သေး​လေး
အရွယ်​တည်းက ။
သူတို့ ဘာလိုချင်​တယ်​၊ဘာစားချင်​တာ
ဆို တာ မျက်​နှာအမှုအရာမှာ
အကုန်​​ပေါ်​နေတတ်​တယ် ။
ထိုနည်းလည်း​ကောင်းဘဲ
ဖိုးခွားဟာ ကိုသက်​နဲ့ ကျွန်​မအ​ကြောင်း
ဒါ့အပြင်​ ကိုသက်​ရဲ့ ငယ်​ချစ်​ဦးအ​ကြောင်းကို
သိချင်​​နေတာကို ။
ဖိုးခွားလည်းအရွယ်​​ရောက်​ပြီဆို​တော့
သူသိသင့်​တာကို​ပြောပြရ​တော့မှာ​ပေါ့။

"ဖိုးခွား က ပါးနဲ့မိုးအ​ကြောင်းသိချင်​တာမို့လား
မိုး​ပြောပြမှာပါ"

လွန်​ခဲ့​သောနှစ်​များဆီသို့ ................

"ကိုသက်​ ထက်​မြတ်​ လင်းသန့်​ ....ဟာဘယ်​​ရောက်​ကုန်​ကြတာလဲ ငါ့ကိုမ​စောင့်​ဘဲ ပြန်​သွားကြတယ်
အကျင့်​မ​ကောင်းကြဘူး ဟင့်​"

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Donde viven las historias. Descúbrelo ahora