အပိုင်း(၂၇)

1.1K 40 8
                                    

အဲ့အရူးမ အသက်တစ်ယောက်
ရောက်ကြောင်းလည်း
အကြောင်းမပြန်ဘူး ကျွန်တော့်ကိုများ
ဖုတ်လေတယ့်ငပိ မရှိသလိုဘဲ
ပစ်စလက်ခတ်ကို မေ့ထားတာ
သူ့ကို အဲ့လောက်ကြီး ချစ်ပါတယ်ဆိုတာ
သိလွန်းလို့ ကျွန်တော့်ကိုများ
ညင်းဆဲနေသလားနော်။

မနေနိုင်တယ့် ကျွန်တော်မျိုး စောချမ်းကဘဲ
ဖုန်းဆက်ရအုံးမယ်။

"ပြော စောချမ်း...ငါရောက်ပြီဟ...
ကိုးတို့ကော အဆင်ပြေလား
နင်ကော သိပြီးပြီးလား...."

"ဘယ်လိုဖြစ်လို့အလော တကြီးလဲဟ
ကိုကြီးလင်းရောင် ကအဆင်ပြေမှာပေါ့
ငါကကော ဘာသိရမှာလဲ "

"Ok see you တစ်ခုခုဆို ငါ့ဆီဖုန်းဆက်အုံး
အခုတော့ လည်လည်ထွက်လိုက်အုံးမယ်
ကိုရီးယားကောင်လေး ချောချော လေးတွေ
ငမ်းရအုံးမယ်ဟ
အချိန်ရှိခိုက် လုံလစိုက်တယ့်
သိလား"

"အသက်....နင်ပွင့်ပွင့်လင်းလင်းပြောဟာ
နင်ငါ့ကိုချစ်နိုင်လား
မချစ်နိုင်ဘူးလား မချစ်နိုင်ဘူးဆိုလည်း
ငါ့ဘက်က နင့်ကို မျှော်လင့်ချက်မထားချင်တော့ဘူး
နင့်ဘက်ကသူငယ်ချင်း......"

"အရူးကောင်ရေ......ငါပြန်လာရင်ပေးမယ်
ဆိုတာ ဘာလို့မစောင့်နိုင်ရတာတုန်း
နင်ငါ့ကိုမချစ်ခင်ကတည်းက
ငါကနင့်ကို ချစ်နေတာ သိပြီလား
ငတုံး၊ငဒူကောင်ရဲ့
တကယ်ဘဲ ချောလို့ငမ်းတာက သပ်သပ်
နင့်ကို ချစ်တာကသပ်သပ်
တစ်ကန့်စီဘဲ "

"ဒါဆို ငါ့ကို နင်အခုအဖြေပေးလိုက်တာပေါ့နော် ဟုတ်လား
တကယ်ကြီး ဟယ် ငါမထင်တာဘူး
ကျန်း..ကျန်း..ကျန်း..."

"ပေါတောတောတွေ ပြောပြန်ပြီ ငါကိုယ်တိုင်က
နင့်လို ငပေါကို ဘယ်လိုများ
ချစ်မိမှန်းမသိဘူး"

"ဒါကတော့ သမီးလေးရယ် ဒီလိုရှိတယ်ကွယ့်....."

"တော်လိုက်တော့..... ငါအပြင်သွားမို့ ဖုန်းချတော့မယ်
မြန်မာပြည်အချိန် ညဘက် ၉နာရီလောက်ဖုန်းခေါ်မယ်"

"Ok see ya "

ထိုအချိန်မှာဘဲ ပြန်လာဖို့ပြင်ဆင်တယ့်
ကောင်လေးနှစ်ယောက်
ဟိုတယ် check out
လုပ်ဖို့ ထွက်လာတော့ သူတို့နှစ်ယောက်
ကိုကြည့်ပြီး ပြောဆိုနေသလိုခံစားရနေတယ်။

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Tempat cerita menjadi hidup. Temukan sekarang