ဒီနေ့ရာသီဥတုကသာယာလိုက်တာ
ငါ့ရဲ့စိတ်တွေလည်းပေါ့ပါးနေသလိုဘဲ ညီလေး
ရဲ့အချစ်ရေး အဆင်ပြေတော့မှာ
စိုးလို့လား။"အဖေကျွန်တော့်လုပ်ရပ်မှန်တယ်မလား
ကျွန်တော်လက်လျော့လိုက်ပြီ
ညီလေးစိတ်ချမ်းသာဖို့အရေးကြီးတယ်
သူ့စိတ်ဓာတ်တွေ ကြံကြံခိုင်ဖို့
အားဖြည့်ပေးမယ့်
သူတွေသူ့အနားမှာရှိတယ်လေ။""အဖေ့သားကြီးကတော်ပြီးသားဘဲလေ
အဖေ့တုန်းကလည်း သားကြီးက
အားဖြည့်ပြီး ကူညီပေးသလို
သားညီလေးကိုလည်း ကူညီပေးရမယ်နော်""ဟုတ်ကဲ့အဖေ ဒါနဲ့အန်ကယ်ကော"
"အန်ကယ် ဒီမှာကွ အလုပ်သွားဖို့လုပ်နေလို့"
"ဟုတ်ကဲ့အန်ကယ် ကရုစိုက်သွားပါ".
"အေးပါကွာ အန်ကယ်တို့တစ်တွေ တစ်ရက်လောက်
အတူတူဆုံကြရအောင်လေ
ထင်လင်းလေးရော နေကောင်းရဲ့လား
မတွေ့တာကြာပြီ""ဟုတ်ကဲ့ အန်ကယ် သူအဆင်ပြေပါတယ်"
"ဒါဆိုအန်ကယ် သွားပြီ ထက်မြတ် ငါသွားပြီ
မင်းအလုပ်သွားဖို့ အဝတ်တွေထုပ်ပေးခဲ့တယ်
ညစာကငါအပြင်က
ဝယ်လာခဲ့မယ်""အေးကရုစိုက်သွား"
"အန်ကယ်က အဖေ့ကို သိပ်ချစ်တာဘဲ
အဖေစိတ်ချမ်းသာသလို ညီလေးလည်းစိတ်ချမ်း
သာမယ်ထင်ပါတယ်နော်
အဖေ"""အချစ်စစ်မှန်ရင် လမ်းကမဖြောင့်ဖြူးဘူးတယ့်
သူများတွေကပြောတာဘဲ
အဖေတို့ရဲ့ အချစ်လမ်းကလည်း
မဖြောင့်ဖြူးခဲ့ပေမယ့် နားလည်မှုပေးတယ့်
အလင်းမေ ကြောင့် အရာအားလုံးအဆင်ပြေတယ်""အဖေတို့က အဲ့လောက်ချစ်ရက်နဲ့ဘယ်လိုတွေ
ကွဲကွာခဲ့တာလဲ""ဘယ်လောက်ချစ်ချစ် ကံတရားက ခွဲခွာဖို့အကြောင်း
ဖန်လာရင် ခွဲရတာဘဲ သားကြီး"ကျွန်တော်အဖေပြောတာကို ငြိမ်ငြိမ်သက်သက်ဘဲ
နားထောင်မိတယ်။"အဖေတို့တွေက မုန်တိုင်းမလာခင် လေပြေလေညင်းကြားမှာ
ပျော်ရွှင်ခဲ့ကြတယ် သာယာခဲ့ကြတယ်
တကယ်ကိုပျော်ရွှင်ဖွယ်အတိပါဘဲ။
တစ်ရက်တည်းသော ညနေခင်းမှာပေါ့"
VOCÊ ESTÁ LENDO
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?