အပိုင်း(၅)

2.1K 83 0
                                    

Ring Ring📞📞📞

"Hello ​ဒေါ်အလင်း​မေတို့အိမ်​ကပါ ဘယ်​သူနဲ့​ပြောချင်​လို့လဲခင်​ဗျာ"

"ငါပါ လင်း​ရောင်​ ရ ခန့်​"

"​သြော်​..... ​ဟေ့​ကောင်​ငါ့ဖုန်းကိုဆက်​လို့ရတာဘဲကို အိမ်​ဖုန်းကိုဘာလို့ဆက်​"

"​အေးကွာ......ငါမင်းဖုန်းနံပါတ်​ကို​မေ့သွားလို့ကွ "

"​အေးပါ...​ပြောအခုဘာကိစ္စလဲကွ"

"ကျူရှင်​တတ်​ဖို့​ပြောမလို့ကွ"

"ဟမ်​....ငါနားကြားမှားတာလားဟင်​..... မင်းဆယ်​​တန်း​နောက်​တစ်​နှစ်​တတ်​ဖို့ ကျူရှင်​စုံစမ်းမို့လား.... ငါက​တော့မတတ်​​တော့ဘူး​နော်​ မင်းတစ်​​ယောက်​တည်းတတ်​​တော့ "

"အ​ကောင်​စုတ်​၊ငလူး​ကောင်​ ငါကတတ်​မလား ​အောင်​ပြီးသားကွ
အခု​ပြောမှာက ငါ့ညီ​ရော မင်းညီမ​ရောအဆင်​​ပြေ​အောင်​​လေ ကျူရှင်​တစ်​ခုထဲကိုအတူတူတတ်​ခိုင်းမလားလို့ကွ "

"အင်း....ဆက်​​ပြောပါအုံး "

"ဘာဘဲဖစ်​ဖြစ်​ကွာ အမုန်းတရားဆိုတာကြာရှည်​တာမ​ကောင်းဘူး​လေ က​လေး​တွေဘဲမို့အခုချိန်​ကဘာမှမဖြစ်​​ပေမယ့်​ ​နောင်​တစ်​ချိန်​မှာ သူတို့​လေး​တွေ အမုန်းဆိုတယ့်​အရာကိုခုတုံးလုပ်​ပြီးမမှားသင့်​တာမမှားရ​အောင်​​လေကွာ"

"ဟူး........ငါလည်း​ပြောမလို့ကွ သူတို့​တွေအမြဲတ​စေ အဲ့လိုဖြစ်​​နေတာမ​ကောင်းဘူးကွ အထူးသဖြင့်​ငါ့ညီမဘဲကွ ငါ့ညီ​မ​လေးကအတ္တကြီးတယ်​ကွ မင်းတို့မိသားစုကိုလည်းအားနာတယ်​ကွာ"

"ဟာ မဟုတ်​တာဘဲ ငါနားလည်းပါတယ်​ ငါလည်းငယ်​တုန်းက ငါ့အ​ဖေကအ​ခြောက်​ဆိုတာကိုသိတယ့်​အချိန်​မှာမုန်းတီးမိတယ်​ ဒါ​ပေမဲ့ငါ့အ​မေနဲ့​နေတုန်းကထက်​စာရင်​ငါ့အ​ဖေမျက်​နှာမှာပိုပြီး​ပျော်​ရွှင်​လာတယ်​။
အလုပ်​ပြီးအလုပ်​ ဘဲဖြစ်​မ​နေ​တော့ဘူး ငါတို့ကိုလည်းအချိန်​​ပေးလာတယ်​ကွာ အာ့​ကြောင့်​မမုန်းနိုင်​ခဲ့​တော့ဘူး  မင်းညီမ​လေးလည်းတစ်​ချိန်​မှာနားလည်​​ပေးမှာပါကွာ ​ ငါတို့ညီအစ်​ကို​ပေါ်ဘာမှအားနာစရာမလိုဘူး"

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Wo Geschichten leben. Entdecke jetzt