အပိုင်း (၁၆)

1.3K 50 2
                                    

ကျွန်​​တော်​စိတ်​ထဲမှာ တစ်မျိုးဘဲ
မော်လေးနဲ့ အရင်လိုတစ်ရင်းတစ်နှီး
စကားမပြောဖြစ်တာ စောချမ်းမွေးနေ့ပြီးတည်း
ကဆိုတော်တော်ကြာပြီ။
မေးထူးခေါ်ပြောလောက်ဘဲ ပြောဖြစ်ကြတော့တယ်။

ကျွန်တော်ကအရင် စတင်ပြီး မော်လေးကို
ရှောင်ဖို့စဉ်းစားနေဆဲ
အခြေအနေမှာ မော်လေးက
ကျွန်တော့်ကို ရှောင်ဖယ်သွားတာဘဲ။

ဒါဟာလည်း တစ်မျိုးကောင်းပေမယ့်
ကျွန်တော်မခံစားနိုင်ဘူး
အရင်လို စကားလက်ဆုံလည်း
မပြောဖြစ်တော့သလို
ရယ်ရယ်မောမောနဲ့ ကျွန်တော့်ကို မပြုံးပြတော့ဘူး။

ကျွန်တော်ဦးနှောက်ထဲမှာ သူ့လုပ်ရပ်က
မှန်ကန်ပေမယ့် နှလုံးသားလေးကတော့
အဆမတန် နာကျင်နေရပြီ။
နှလုံးသား လေးရေ
မင်းမှစကားနားမထောင်ဘဲကွ
အခုတော့ အားရအောင် ငိုလိုက်ပါကွာ။

"ကိုးဘာလုပ်နေတာလဲ မုန့်ဟင်းခါးတွေပွနေပြီ
ဘာတွေ တွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး အဒေးရာ အမိုးကော"

"အဲ့ဒါဘဲလေ မတွေးဘူးတယ့် အမိုးကစားပြီးလို့
အခုဆို အထည်ဆိုင်တောင်
ရောက်နေလောက်ပြီ မှန်မှန်ပြော ဘာဖြစ်နေတာလဲ"

"ကိုးကျတော့ ပြောတယ် အဒေးကျတော့ကော
အခုတလော စောချမ်းနဲ့မော်လေးနဲ့ရော
အဆက်အသွယ်မလုပ်၊မျက်နှာမကောင်း
ထိုင်တွေးနေတာတွေကရော"

"အာ မဟုတ်ပါဘူး သူတို့နဲ့က
ကိစ္စမရှိလို့ မဆက်သွယ်ဖြစ်တာ
ထိုင်တွေးတာက အဒေးရယ့် ဆိုင်
အကြောင်းပါ တော်ပြီဆိုလည်း
ပန်းကန်ပေး ဆေးလိုက်တော့မယ်"

"အင်း သေချာပါတယ် အဒေးတစ်ခုခုဖြစ်နေတာ"

"ကဲ ကိုးရေ ကိုးရယ့်ဆိုင်ကိုသွားဖို့
အစီအစဉ်မရှိဘူးလား အမိုးတစ်ယောက်တည်း
အစတုန်းကတော့ သားဆိုင် သားဘာသာ ကြီးကြပ်မယ်တယ့် အဒေးကြည့်တာတော့
အခုတလော ကိုးဘာမှမလုပ်ဘူးနော်"

"ကဲဟုတ်ပါပြီ အခုသွားမယ်"

ပွင့်လင်းမှုကို နှစ်သက်တယ့် ငါက
ဘာလို့ကိုးကို ပွင့်ပွင့်လင်းလင်း
မမေးရဲရတာလဲ။
ငါသေချာမှဖြစ်မယ် ငါမေးရမယ်
ကျွန်မဖုန်းနဲ့ စောချမ်းဆီကို
ဖုန်းဆက်လိုက်တယ်။

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Where stories live. Discover now