အပိုင်း(၃၂)

1.1K 49 2
                                    

ဟင်း.......ငါနိုးလာပြီဘဲ
အိပ်လို့ကောင်းလိုက်တာ
ဘယ်အချိန်တွေတောင် ဖြစ်နေပြီလား။
Aww တစ်နှစ်တောင် ပြည့်သွားပြီဘဲ
စိတ်ဆိုးချင်စရာ ကောင်းလိုက်တာ
ဘေးနားမှာ တစ်ယောက်မှလည်း
မနေပေးဘူး။
စိတ်ကောက်ရမယ်
အာ.....ခြေထောက်တွေက လှုပ်လို့လည်း
မရဘူး။

အာ...ငါအောက်ပိုင်းသေသွားတာလား
အီးဟီး...ငါ့ဖုန်းရော
ကိုးတို့ကို လှမ်းမေးရမယ်။
ငါ့ဖုန်း ဘယ်နားမှာလဲ။

ခွမ်း......

အမိုးနဲ့ ကျွန်တော်အပေါ်ကို ပြိုင်တူ
မော့ကြည့်မိကြတယ်။
ဒါအပေါ်ထပ်က အသံဘဲ
ဘာကျကွဲသွားတာလဲ။

အမိုးနဲ့ကျွန်တော် အပြေးတစ်ပိုင်း
ရောက် သွားတော့
မြင်လိုက်ရတယ့် မြင်ကွင်းက
ပျော်ရမလို ငိုရလိုအဖြစ်။

"အဟင်း...အမိုးရေ ဘာတွေ အဲ့လောက်ငေး
နေတာလဲလို့"

"ဟင်း....အင်း..ဖိုးဒါး သတိရလာပြီ
ပျော်လိုက်တာ
နမ်းပါ့ရစေအုံး "

"မငိုပါနဲ့တော့ အမိုးရယ် ဖိုးဒါး က
ပြန်လာပြီလေ ဒါနဲ့လေ
ဖိုးဒါးလမ်းလျှောက်လို့မရတော့ဘူး
အာ့နဲ့ကုတင်ပေါ်က ပြုတ်ကျပြီး
ငိုနေတာ "

"ဖိုးခွား..စောချမ်း...ဘာကြောင်နေတာလဲ
ဖိုးဒါကို ကုတင်ပေါ်
တင်ပေးလိုက်အုံးလေ "

"သြော်..ဟုတ်အမိုး"

"အမိုး....ဗိုက်ဆာတယ်
ကိုးဆီ ဖုန်းဆက်ပြီး မုန့်လှမ်းမှာပေးပါ
အပါးရော ဦးလေးရောကို
ရော ဖုန်းဆက်ခေါ်ပေးပါ
ဖိုးဒါးသတိရသေးကြောင်း
မပြောနဲ့ နော်။
နောက်ပြီး ဆရာဝန်ဆီ ဖုန်းဆက်ကြည့်ပေးအုံး
ခြေထောက်တွေ လက်တွေက လှုပ်မရဘူးလို့။"

"အင်းအမိုးဆက်လိုက်မယ် အားလုံးဆီကို"

"အစ်ကို မုန့်တွေ ရခိုင်သုတ်တွေပါလား
ဖော့ဘူးတွေက များလိုက်တာ"

"အင်းအမိုးက ဖုန်းဆက်ပြီးလှမ်းမှာတာ
အရေးကြီးလို့တယ့်
အခု ချက်ချင်းပြန်လာခိုင်းတာ မော်လေးကိုပါ
ခေါ်လာဖို့ ပြောသေးတယ်"

"ဟင် ဒါလင်းသက်မေကို ပြနေကျဆရာဝန်မို့လား"

ကျွန်တော်ထူပူသွားတာအမှန်ပါ
အဒေး က အိပ်ပျော်ရင်း
ဘာဝတစ်ပါးကို ကူးပြောင်းဖို့
ဆရာက အချိန်တန်ကြောင်း
လာပြောတာလားလို့။
ရင်ထဲ ထိတ်သွားမိသည့် အခြေအနေနဲ့
အညီ အဒေး ရှိနေတယ့် အခန်းကို
ကမန်းကတန်းပြေးမိတော့
ပျော်ရွှင်မှုတွေက အတိုင်းထက်အလွန်ပါဘဲ။

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ