တီတီတီ......
နာရီAlam မြည်လာတော့ ကျွန်တော်တို့
အသီးသီး ပြင်ဆင်ကြတယ်
လင်းသက်မေနဲ့သူ့သူငယ်ချင်းမရယ်
ကျွန်တော်၊စောချမ်း၊ကိုခန့်နဲ့
အစ်ကို လည်းပြင်ဆင်ပြီး ထွက်လာကြတယ်။"ကဲ သမီး အားလုံးစုံပြီလား အမိုး ဒရိုင်ဘာခေါ်
ပြီးပြီး ကားရောဘဲ "ကျွန်တော်တို့အားလုံးအပေါ် အိမ်ရှင်တွေက
သိပ်ကိုဧည့်ဝတ်ကျေကြတယ်။
လင်းသက်မေသူငယ်ချင်းကလည်း
ယောကျာင်္းလေးမိန်းကလေးဆိုပြီး
ရှက်ရွံမှုမရှိဘဲ ပွင့်လင်းတယ်
ဖော်ရွေတယ်၊သဘောကောင်းတယ်။အခုလည်း အစောကြီးထပြီး ပြင်ဆင်ပေးနေပြီ
ကျွန်တော်နည်းတူ ကျန်တယ့်သူတွေ
လည်းအားနာပြီး သိချင်တယ်ထင်ပါ့
လင်းသက်မေကတော့ သိပြီးသားနဲ့တူတယ်။
အားလုံးလည်းသိချင်တယ် ကျွန်တော်လည်း
သိချင်တာနဲ့မေးလိုက်တော့တယ်။"အဒေါ် ဟိုလေ ကားကဘာလို့လဲဟင်
ကျွန်တော်တို့ကားနဲ့ကော အဆင်မပြေလို့လား
ကျွန်တော်တို့ကအားနာလို့ပါ""သြော် ဖိုးခွားတို့က အားနာနေတာဘဲ
ရပါတယ် အားနာစရာ မလိုပါဘူး
ကားကလည်း သမီးလေး လင်းသက်
သိတယ် သမီးလေး လင်းသက်ကိုသာမေး"ကျွန်တော်တို့ လည်းသိချင်တာကို လင်းသက်မေက
ပြောပြပါတယ် ကျွန်တော်တို့ထဲမှာ
သူက ရောက်ဖူးတော့ ဆရာတင်ရတာပေါ့။"အင်း......ဒရိုင်ဘာထည့်ပေးတာက
လူငယ်တွေ လမ်းမကျွမ်းမှာစိုးလို့ နောက်ပြီး
တောင်တတ်လမ်းနဲ့ အဆင်းလမ်း ရှိတယ်
မှားမောင်းမိမှာစိုးလို့
အဲ့ဒါကြောင် ကျွမ်းကျင်တယ့် လူထည့်ပေးတာ။
ကားကကျတော ဂီယာမြင့်တယ့် ကားမှ အဆင်ပြေ
မှာမို့လို့ အဲ့တာကြောင့် အဒေါ်တို့က
ကားပြောင်းပေးတာ။""သြော်... အဒေါါ်ရယ် ဒုက္ခပေးမိပြီ
ကျွန်တော်တို့က"
အစချီပြီး အစ်ကိုက အားတုံ့အားနာစကား
ဆိုတော့
ကျွန်တော်တို့အားလုံးကလည်း
ကျေးဇူးတင်တယ့်အပြုံးနဲ့
အိမ်ရှင် အဒေါ်နဲ့ဦးလေးကို
ပြုံးပြတော့"မလိုပါဘူးကွယ် သမီးလေး လင်းသက်မေနဲ့ အိမ်ကသမီးလေးကသူငယ်ချင်းတွေဆိုတော့
အားလုံးနဲ့လည်း သူငယ်ချင်းတွေဘဲပေါ့
ကဲ အခုတော့ သွားကြတော့
ဒရိုင်ဘာကစောင့်နေပြီ"
KAMU SEDANG MEMBACA
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romansaချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?