အပိုင်း(၂၈)

1.1K 37 2
                                    

ဒီလေဆိပ်က တိုင်းတပါးကိုထွက်သွား
တုန်းက ပျော်နေပေမယ့်
အခုပြန်လာရချိန်မှနော်
ရင်ထဲမှာ အစိုင်အခဲကြီးကြီး
တစ်ခုက ပိတ်ဆို့နေသလိုမျိုးခံစားမိနေသည်။

"အမိုး.....ဘယ်လိုဖြစ်တာလဲဟင် ကိုး
....အခြေအနေကကော"

"ဖိုးဒါး....."

"မငိုပါနဲ့အမိုး ရယ် အားလုံးအဆင်ပြေမှာနော်
အရာအားလုံး ဘုရားအလိုတော်ဘဲလေ"

"ဖိုးဒါးရယ်....."

"ဒါနဲ့ထင်လင်းမော်ကောအမိုး...."

"သူက မနေ့ညကတည်းကသတိရသွားပြီ"

"ဟုတ်လား ဘေးအခန်းမှာလား"

"အင်းဖိုးဒါကြည့်ချင်ရင်သွားလေ အမိုးက ဖိုးခွားနားနေလိုက်အုံးမယ် သားထင်လင်း
လည်း စိတ်မကောင်းဖြစ်နေတယ် ခုနကမှ ပြန်သွားတာ"

"ဟုတ်အမိုး"

"နင်က ဘာလာလုပ်တာလဲ ဘာလဲ ငါမသေသေးတာကို
လာကြည့်တာလား
ဒါမှမဟုတ် နည်းနည်းလေးဘဲ ဖြစ်လို့
စိတ်မကောင်းဖြစ်နေတာလား"

"ငါ....ငါ တောင်းပန်ပါတယ် ထင်လင်းမော်
တကယ်ဒီလ်ုဖြစ်ဖ်ု့မမျှော်လင့်ပါဘူး"

"နင့်အစ်ကို ဖြစ်ဖို့မမျှော်လင့်ဘဲ ငါ့သူငယ်ချင်းဖြစ်ဖို့
ဘဲမျှော်လင့်တာလား
လင်းသက်မေ "

"စောချမ်း....နင်ကအဲ့လိုထင်တာ လား
ငါ့စိတ်ဓာတ်ကို နင်က
အဲ့လိုထင်တာလား"

"ထင်တာမဟုတ်ဘူး...မှန်နေတာဘဲလေ
အမှန်တရားကြီးက ကွက်ကွက်ကွင်းကွင်း
ကြီးကို"

"တော်လိုက်တော့ မင်းတို့နှစ်ယောက်လုံး
ဖြစ်ချိန်တန်လို့ ဖြစ်သွားတာကြီးဘဲ
သက်လေးက မင်းတို့နှစ်ယောက်စီးတယ့် ကား
ကို လာဝင်ကျုံး လို့လားပြောစမ်း
နောက်ပြီး စောချမ်း သက်လေးကိုချစ်တယ်ဆို
သူ့ကိုမယုံဘူးလားဟမ်..."

"ကိုခန့် အခုလို ဖြစ်တာ ကိုကြီး ညီအရင်းခေါက်ခေါက်
ကျွန်တော်ဖြစ်နေတာနော်
ဒါတောင် ဘာလို့သူ့ဘက်က
ကာကွယ်ပြောနေတာလဲ "

"ကျွန်တော်သူ့ကို ယုံရမှာလား ကိုကြီး ခန့်
သူဘယ်လောက်အတ္တကြီးလဲ
ကိုကြီးခန့်သိနေတာဘဲ
တကယ်ဆို ဒီပုံ တွေ ဗီဒီယိုကိစ္စ
တွေသူ တင်မယ်ဆို နည်းနည်းပါးပါးတော့
တိုင်ပင်ဖို့ကာင်းတယ်လေ"

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Место, где живут истории. Откройте их для себя