အပိုင်း(၁၈)

1.3K 59 10
                                    

ကျွန်တော် ရင်တွေတုန်သလို၊ရင်ခုန်နေသလိုဘဲ
အစ်ကိုက ကျွန်တော့်ဆီ
message ပို့ထားတာ
မြင်တော့ ကျွန်တော့်မှာ မျောက်အုန်းသီးရသလိုဘဲ
ဖုန်းကို လက်ကနေကိုမချချင်တာ။

#မော်လေး အစ်ကိုနဲ့တွဲရအောင်
မနက်ဖြန် တွေ့ကြရအောင်#

အစ်ကိုပြောတယ့်အထဲမှာ ချစ်တယ်ဆိုတယ့်
စကားလုံးမပါဘူး။
ဖွဲ့ဖွဲ့နွဲ့နွဲ့လည်း စာမစီထားဘူး
ဒါပေမဲ့ တွဲရအောင် ဆိုတယ့်စကားက

ကျွန်တော့်ကို ပျော်ရွှင်မှုတွေ အလုံးအရင်း
ပေးနေသလိုဘဲ။
စိတ်ထဲမှာ ကြည်နူးမှုရော၊ဘာမှန်းမသိတယ့်
ခံစားချက်အလုံးအရင်းတွေ
ဝင်တိုက်သွားတယ်။

အစ်ကိုနဲ့တွေ့ရမယ် အား.......
ငါဘာဝတ်သွားရမလဲ
အစ်ကို့မျက်လုံးထဲမှာ ငါက
ယောကျာင်္းပီသတယ့်ပုံပေါက်အောင်လို့
ငါဘယ်လိုဝတ်ရမလဲ။

ငါရုပ်ကနဂိုဓာတ်ခံက ကြည့်ကောင်းပြီးသား
ထွေထွေထူးထူးလုပ်မနေတော့ပါဘူး
အစ်ကိုလည်း ယောက်ျား ငါလည်းယောကျာ်း
ဘဲကို လှနေစရာမှမလိုဘဲ။

အာအစ်ကိုဆီဖုန်းဆက်အုံးမှ ဘယ်အချိန်တွေ့
မလဲဆိုတာ။

"Hello..... မော်လေး ပြောလေ ဘာပြောမလို့လဲ"

ကျွန်တော်စိတ်တွေလှုပ်ရှားနေတာနဲ့ အစ်ကို့ကို
စကားပြောဖို့တောင်
မေ့နေမိတယ်။

"အာ......ဟိုလေ အစ်ကို ဟို....ဟိုလေ..ဟိုဟာ
အာ..ဘယ်လိုပြောရမလဲ"

ကျွန်တော်ရယ်မိပါတယ် ဒီကောင်လေး
ကျွန်တော့ဆီဖုန်းဆက်တာ ဘာ
အကြောင်းဆိုတာ စိတ်တွေလှုပ်ရှားပြီး
ပြောမဲ့စကားတွေမေ့နေတာတွေ။
အခုချိန်သူ့ရဲ့ချစ်စရာကောင်းတယ့်
အပြုအမှုလေးတစ်ခုအနေနဲ့ နားရွက်လေးကိုကုတ်ပြီး
ပြုံးနေမှာ။

"တွေ့ဖို့ကိစ္စလား မော်လေး"

ကျွန်တော်စကားထောက်ပေးမှ
ပြောမယ့်စကားကို
သတိရရှာတယ့် ကောင်လေးပါ။

"ဟုတ်ကဲ့အစ်ကို ဘယ်အချိန်တွေ့မလဲလို့ပါ
အစ်ကို "

"မော်လေးကောဘယ်အချိန်အားလဲ
အစ်ကိုက နေ့ခင်းထမင်းစားချိန် လောက်မှ အထည်ဆိုင်က
ပြန်လာမှာ အဲ့အချိန်တွေ့မလား
နေ့ခင်းစာလည်းစားရင်း"

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Donde viven las historias. Descúbrelo ahora