ကျွန်တော်ကျင်းပခဲ့သမျှမွေးနေ့တွေထဲမှာ
ဒီနှစ် ၁၆နှစ်ပြည့်မွေးနေ့ဟာ
မမေ့နိုင်စရာဘဲ။ကျွန်တော့်ကိုချစ်တယ့် ကျွန်တော်ကလည်း
ချစ်ရတယ့် သူငယ်ချင်းနှစ်ယောက်မှာ
တစ်ယောက်က ဂစ်တာလေးလဲတီး
သီချင်းလည်းဆို နောက်တစ်ယောက်ကလည်း
အပေးအယူမျှမျှ ကျွန်တော့်အတွက်
သီချင်း ဆိုပေးတာ။တကယ်ကိုပျော်ရွှင်ရတယ် အံလည်း
အံသြော်တယ်
အသက်က ဂစ်တာတီးတတ်တာကိုလည်း
မှင်သက်မိတယ်
သူ့ရဲ့ လက်ဖောင်းဖောင်းလေးတွေက
စည်းချက်ညီညီတီးခတ်ပေးနေတာက
အရမ်းကို လှပတယ့်ပန်းချီကား
တစ်ချပ်လိုဘဲ။ငထင်ရဲ့ အသံဟာလည်း အင်မတန်မှ
နားထောင်ကောင်းမှန်း
အခုမှသိခဲ့ရတယ်။ကိုကြီးလင်းရောင်ကိုကြည့်တော့
အသက်နဲ့ ငထင်ကို ကြည့်ပြီးတစ်မေ့တစ်မော
နဲ့ ပြုံးနေလိုက်တာ။
ထင်ပိုင်ခန့်ကလည်း အသက်ကို ကြည့်နေတာလား
ငထင် ကိုကြည့်နေတာလား
မခွဲခြားနိုင်လောက်အောင်ဘဲ
သူ့အကြည့်တွေက။အဒေး ကဂစ်တာတီးတတ်မှန်း တကယ်ကိုမသိခဲ့တာ
လုံးဝကို မှင်သက်မိတယ်
မော်လေးကလည်း အသံကောင်းကောင်းနဲ့
အဒေး တို့နှစ်ယောက် ကအင်မတန်လိုက်ဖက်တယ်
သူတို့နှစ်ယောက်ကိုတွဲတွေ့တိုင်း
ကျွန်တော်တွေးနေမိတယ်
အဲ့အတွေးက ခေါင်းထဲရောက်ရောက်လာတယ်။
ကျွန်တော် မော်လေးအပေါ်မှာ
ထားတယ့်အချစ်ကို တစ်ခန်းရပ်သင့်ပြီ
ထင်တယ်။"ဟေ့ရောင် သားကြီး ဘာတွေတွေးနေတာလဲ "
"ဘာရယ်မဟုတ်ပါဘူးကွာ အဒေးနဲ့ မော်လေးက
အင်မတန် လိုက်ဖက်သလားလို့ပါကွာ""မင်းခံစားနေရပြီလား မင်းနှလုံးသားကလည်း
မရွေးချယ်တတ်လိုက်တာကွာ မင်းနှလုံးသားက
သူနာကျင်ဖို့လမ်းစကို
ရွေးချယ်ထားပြီး။
မင်းကိုပါ အားအင်ချိနဲ့အောင်လုပ်နေတာဘဲ
ငါကတော့ အားမပေးဘူး
အတ္တကြီးတယ်ဘဲပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော
ငါ့အဖေကို လူတွေ ပြောဆို ပုတ်ခတ်ကြတယ့်
မကောင်းတယ့်အသုံးအနှုန်းမျိုးကို
ငါ့ညီကိုလည်း ထပ်မခံစားစေချင်ဘူး။
ငါ့အဖေတစ်ယောက်နဲ့တင် လုံလောက်ပြီလေကွာ"
BẠN ĐANG ĐỌC
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Lãng mạnချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?