ဟူးအိပ်ချင်လိုက်တာ ကျောင်းသွားရအုံးမယ်
ညနေဘက်ကျောင်းတတ်ရမှာပျင်းတယ်
ကျောင်းက ညကျောင်းဆိုတော့
၅နာရီကနေ ၈နာရီထိ။"အမိုး ကိုးကျောင်းသွားပြီလား"
"ဖိုးခွားကသွားပြီ ဖိုးသဒါရယ့် ကားငှါသွားလေ
ဖိုးခွာက presentation အတွက်သူငယ်ချင်းတွေနဲ့
ချိန်းထားလို့တယ့် ""ဟုတ်အမိုး သွားပြီနော်"
"အင်း..ပြန်လာရင်တော့ဖိုးခွားနဲ့ပြန်လာနော်
ဖိုးသဒါ ""အမြဲအတူပြန်လာနေကျကိုအမိုးကလည်း ဟီးဟီး"
"အင်းပါ ကဲသွားတော့ "
ကျောင်းcanteen တွင်....
"ဟဲ့ အသက် နင်ဘာစားမလဲ "
"အမ်..နင်ဝယ်ကျွေးမှာလား"
"ဟယ် ဟယ် အမေရိကန်စစ်စတန် လေဟာ ကိုယ့်စရိတ် ကိုယ်ရှင်းပေါ့ဟ"
"အဲ့တာများအပိုလုပ်ပြီး လာမေးနေတယ်
ဘာအကူအညီတောင်းမလို့လဲ""ဟိုလေ သားကြီးမင်းရော ဘာစားမလဲ "
"အပိုဆာတာတွေ မပြောနဲ့စောချမ်း ငါတို့၂ယောက်ကို
ဘာပြောမလို့လဲ""ဟီး ဟိုလေ ငါ့မွေးနေ့ရောက်တော့မယ် ဟ"
သူတို့မတည့်အတူ ၂ယောက်က ဒါမျိုးဆို သိပ်ညီတာဘဲတစ်ပြိုင်တည်းကို
ပြောတာ။
"အဲ့တော့""ငါ့မွေးနေ့မှာနင်တို့နစ်ယောက်သီချင်းတွဲဆိုပေး"
"ဘယ်လို ငါ့ကို ဒီ ရေမှော်ကောင်နဲ့
လုံးဝမဖြစ်နိုင်တာ စောချမ်းရာ""အမယ် လောစပီကာမ နင်ကဘဲပြောရသေးတယ် ဆုတောင်း ငါကလည်းနင်နဲ့တွဲမဆိုဘူး"
"ငါ့ကို မခင်ကြဘူးလားဟာနင်တို့ကလည်း"
"မခင်ဘူး"ဒီတစ်ခါလည်းတစ်ပြိုင်တည်းဖြေတယ့်ကြောင်မနဲ့ခွေးကောင် သူငယ်ချင်းတွေမို့ သောက်မြင်ကပ်ဖို့ကောင်းလိုက်ကြတာ။
ESTÁS LEYENDO
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?