နေ့ခင်းထမင်းစာချိန်ရောက်တယ့်အထိ
အဒေးမဆင်းလာတော့ ကျွန်တော့ထမင်းစား
ဖို့တတ်ခေါ်တော့အဒေး
မရှိဘူး။"အမိုး.....အဒေးလည်းမရှိဘူး "
"ဟင် ဖိုခွားရယ်ဟုတ်ရဲ့လားသေချာရော
ရှာပြီးပြီးလား ခြံထဲမှာကော သူ့သစ်ခွပင်တွေနားမှာကောရှာကြည့်ပြီးပြီးလား""ဟအင်းမရှာရသေးဘူး.......
သွားကြည့်လိုက်အုံးမယ်.."ဟာဒီမှာလည်းမရှိဘူး.....အဒေးရာဘယ်သွားနေတာလဲ သေချာတာတော့မနေ့ကကိစ္စကို
စိတ်မကောင်းဖြစ်နေတာ
သေချာတယ်။
အဒေးကတော်ရုံတန်ရုံ
စိတ်ဆိုးခဲတယ် ဒါ့အပြင်
အမိုးဆိုတော့စိတ်ဆိုးမှာမဟုတ်ဘူး
စိတ်မကောင်းဖြစ်ပြီး
ဝမ်းနည်းသွားမှာ။
ဒုက္ခဘဲ ဘယ်တွေလျောက်သွား
နေလဲအဒေးရာ
ကိုးနဲ့အမိုးစိတ်ပူအောင်
မလုပ်ပါနဲ့။"အမိုး......."
ကျွန်တော်ခေါင်းညိတ်ပြတော့ အမိုးလန့်သွားတယ်
ထင်ပါ့ သေချာရဲ့လားဆိုတာကို
အသံတုန်တုန်ယင်ယင်နဲ့မေးနေတာ။
ခနနေတော့အမိုးက အပါးဆီ
ဖုန်းဆက်မေးကြည့်တယ်။"ကိုသက်....ဖိုးသဒါလာသေးလား"
"မလာဘူးလင်းမေ.....ဖုန်းလည်းမဆက်ဘူး
ဖိုးသဒါကကိုသက်ဘယ်မှာနေလဲမှ
မသိတာ ဘာဖြစ်လို့လဲ......"အပါးလည်းစိတ်ထင့်သွားထင်တယ်
သံရှည်ဆွဲပီးမေးနေတာ။"အိမ်မှာမရှိလို့ ....ကိုသက်ဆီလာတယ်ထင်လို့
ရှာကြည့်လိုက်အုံးမယ် ကိုသက်ဆီဖုန်းဆက်ရင်လည်း
လင်းမေကို ပြန်ပြောပါအုံးနော်
လင်းမေစိတ်ပူတယ်""အင်းပါ ......ဒါပေမဲ့ ကိုယ်ကမနေ့ညတည်းကအလုပ်
ကိစ္စနဲ့နေပြည်တော်ရောက်နေတာ""ဟင်......ဟုတ်လား ဖုန်းဆက်ရင်
ပြန်အကြောင်းကြာပေးအုံးနော်
ကိုသက်""အင်းလင်းမေ ကိုယ့်အသိတွေကို
လှမ်းအကူအညီတောင်းလိုက်မယ်
ရှာပေးဖို့ကို ဖိုးသဒါသူငယ်ချင်း
တွေကိုရောမေးပြီးပြီလား"
ESTÁS LEYENDO
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?