အပိုင်း(၂၄)

1.1K 56 2
                                    

ကျွန်မတို့ရန်ကုန်ပြန်ရောက်ကျတော့
အားလုံးကိုယ့်ကိစ္စအသီးသီးကို
လုပ်ကြတယ်။
ကိုခန့်ကတော့ နိုင်ငံခြားသွားမယ့်ကိစ္စ
ကနောက်ဆုတ်လိုက်ရတယ်
သူ့အလုပ်ရှင်က
မြန်မာပြည်မှာ ကြာအုံးမယ့်အတွက်ကြာင့်။
စောချမ်းကလည်း
Fashion ဆိုင်အပြင် ကွန်ပျူတာ ဂိမ်း
ဆိုင်ပါ ထပ်ပြီး ချဲ့ထွင်ဖွင့်ထားတယ်။

ထူခြားလာတာကတော့ စောချမ်းကကျွန်မကို
မနက်တစ်ခါ နေ့ခင်းတစ်ခါ ညတစ်ခါ
လာတွေ့လေ့ရှိပြီး မလာအားတယ့်နေ့တွေဆို
ဖုန်းဆက်ပြီး အစားပုံမှန်စားဖို့ပြော
တယ်။
ကြည်နူးရပါတယ် ပျော်ရွှင်ရပါတယ်
ကိုယ်ချစ်တယ့်သူကလည်း
ကိုယ့်ကို ချစ်နေတာ ဒီလိုခံစားချက်ပါလား
ဆိုပြီး ကိုးနဲ့ ထင်လင်းမော်
ကိုတောင် အားနာမိပေသည်။

ထင်လင်းမော်ဆိုင်ကလည်း
ဝန်ထမ်းတွေက အစစအရာရာ
အဆင်ပြေသူတွေဘဲမို့စိတ်ချရသည်။
အစ်ကိုနဲ့ ထင်လင်းမော်လည်း
အဆင်ပြေနေတယ်
ထင်ပါ့။နှစ်ပတ်ဒါမှမဟုတ် သုံးပတ်လောက်ကြာမယ်
ပြောပြီး ကိုးက သူ့ဆိုင်ကိုပါ အမိုးကို
ကြည့်ခိုင်းသေး။
မလွယ်ပါဘူး rsတွေပိုကိုပိုတယ်
ပြောချင်ပေမယ့် မပြောရက်ပါဘူး။

ကျွန်တော်နဲ့မော်လေ့းရောက်နေတယ့် ကရင်ပြည်နယ်က
တောင်တန်းတွေနဲ့ စိမ်းစိုပြီး
ထုံးကျောက်တောင်တွေနဲ့
ထူးခြားဆန်းပြားတယ့်ဂူတွေအများအပြား
ရှိတယ့်နေရာမှာပေါ့။
ရာသီဥတုက ကိုယ့်ဘက်မှာလေ
အေးတယ့်ရာသီကြောင့် အေးချမ်းပြီး
တိတ်ဆိတ်နေတယ့်အပြင်
ကိုယ်ကြင်သူက လည်း အနားမှာ
သာယာလိုက်လေခြင်းဘဲ။

မနေ့ကညဘက်မှရောက်ပြီး ဟိုတယ်မှာ နှစ်ယောက်ခန်း
ယူပြီးအနားယူတာ
ကျွန်တော်ရော မော်လေးရော နေ့လယ်ခင်းရောက်မှ
နိုးထလာမိတယ့်အထိပင်။
လျှောက်သွားလျှောက်စားဖို့ကိုတော့
အကြင်သူ နိုးမှ စီစဉ်ရမယ့်အဖြစ်
မနက်ဖြန်မှ ဘဲ လျောက်သွားမယ့်
နေရာကို စတင်မယ်။

ဒီညနေတော့ ဟိုတယ်ရဲ့ အလှနဲ့
မော်လေးရဲ့ မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်
ပြီးဘဲကုန်ဆုံးရမယ်။
ကျွန်တော် အတွေးတွေမှာ ပါ ပြုံးနေယုံမကဘူး
လက်တွေ့မှာပါပြုံးနေတော့
နိုးလာတယ့်မော်လေးက
မေးပါလေရော။

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Hikayelerin yaşadığı yer. Şimdi keşfedin