အပိုင်း(၂၅)

1.1K 49 5
                                    

ကျွန်တော်တို့ရဲ့ ပထမဦးဆုံးလည်ပတ်ဖြစ်တယ့်
နေရာကတော့ ကရင်ပြည်နယ်ရဲ့
အထင်ကရတွေထဲက တစ်ခုတွေဖြစ်တယ့်
ဇွဲကပင်တောင်ပေါ်မှာတည်ထားတယ့်
ဇွဲကပင် စေတီတော်ကို
ဖူးဖို့အတွက်ပေါ့။

စေတီတော် ကို ဖူးဖို့အတွက် တောင်တတ်လမ်း
အတိုင်း ခြေလျင်တတ်မယ်ဆိုရင်
၂နာရီခွဲ၊၃နာရီခွဲလောက် ကြာ
မယ်။

တောင်ပေါ်မှာ လေလေးတစ်ဖြူးဖြူးနဲ့
နေရတာ သိပ်ကိုသာယာပြီး
စိတ်ကိုအေးချမ်းစေတယ်။
တောင်ပေါ်ကနေကြည့်ရင်
သစ်တော် စိမ်းစိမ်စိုစိုတွေနဲ့မို့
မျက်စိ ပဒါသဖြစ်နေတာတော့
အသေအချာပေ။

"မော်လေး....ပျော်လား "

"ပျော်တာပေါ့ အစ်ကိုရာ ဘယ်နဲ့မေးတာပါလိမ့်
ကျွန်တော်က နဂို ကတည်းက
ခရီး ထွက်တာ ပျော်တယ့်သူ
ဒါ့အပြင် ခရီးသွားဖော်ဟာ
ကျွန်တော် ချစ်မြတ်နိုးရတယ့်
အစ်ကို..... ကဲဆို....
ဘာလို့မပျော်နိုင်စရာရှိမလဲ"

"မော်လေးရာ...သိပ်ပြီး မရင့်ကျက်ပြပါနဲ့
အစ်ကို့ မှာတစ်ခါတစ်လေ သိပ်ကို အားငယ်ရတယ်
အစ်ကိုကမရင့်ကျက်သလောက်
မော်လေးကရင့်ကျက်ပြတော့
အစ်ကိုတကယ်ရှက်မိတယ်
နောက်ပြီး မနေ့ကကိစ္စရောပေါ့"

"ကဲ...ရော....အစ်ကိုရယ် ရှက်ပေလို့ဘဲ
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နှီးနှောဖလှယ်တာကို
ပြန်ပြောရလား။
နောက်ပြီးတော့လည်း ဦးဆောင်သူက အစ်ကိုဘဲဖစ်သင့်တယ်လေ"

"မော်လေး လည်းယောကျာ်းတစ်ယောက်ဘဲလေ
နောက်တစ်ခါဆို......"

ကျွန်တော် လင်းရောင်သန့်မှာ ပြောလက်စ
ကိုမပြောရတော့ဘူး ဘာလို့ဆို
ကျွန်တော့်နှုတ်ခမ်းကို
သူ့ရဲ့ လက်ညိုးလေးနဲ့ပိတ်ပြီး
သူနားလည်တယ်၊သိလည်းသိပါတယ်
ဆိုတယ့်အပြုံးမျိုးနဲ့
ပြုံးနေတော့ ဒီကလူမှာ သူ့ထက်နှစ်နှစ်ကြီးပေမယ့်
ရှက်ရယ်ရယ် မိပြန်ပါကော
မလွယ်ဘူး ငါတော့ ဆေးဆောင်ထားရတော့မယ်
ထင်လင်းမော်ရေ။

"ဘာကိုတွေးပြီး ခြေတစ်ခါခါ လက်တစ်ခါခါ ဖြစ်နေတာလဲ
အစ်ကို"

"ဘာမှမဟုတ်ပါဘူး ကဲ အစ်ကိုတို့တောင်အောက်မှာရှိတယ့်လုမ္ဗိနီ ဥယျာဉ် ရယ် ဗောဓိတစ်ထောင်ဘုရား
ဖူးရအောင်လေ တောင်ပေါ်မှာ နေတာလည်း
ကြာပြီဆိုတော့"

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Donde viven las historias. Descúbrelo ahora