ယေး..... အခုဆို လေဆိပ်ကို ရောက်လာပြီ
ကျွန်တော်တို့ တွေ စပိန် ကို
သွားကြမလို့လေ။
လင်းသက်မေနဲ့ စောချမ်း ရဲ့ ဟန်းနီးမွန်း
ခရီး စဉ်လေးပါ။
ကျွန်တော်တို့ အတွဲကြားမှာ တော့
တစ်ကိုယ် တည်း လူပျိုကြီး
တစ်ယောက်တော့ ပါသား။နိုင်ငံခြား ကသူ့အလုပ်တွေကိုတောင်
ကိုယ်စားလွဲပြီး လင်းသက်မေရဲ့
မင်္ဂလာဆောင်ကို လာဆင်နွဲပေးတယ့်
လူပျိုကြီး။
ကျွန်တော်၊လင်းသက်မေနဲ့ စောချမ်းကို
ချစ်တယ့်ကိုကြီးခန့်။
နိုင်ငံခြားသူလေး ဘာလေးရှာဆိုတော့လည်း
မဟုတ်ဘူးတယ့်။လေဆိပ်ပေါ်မှာ အတွဲကိုယ်စီ ထိုင်ပေမယ့်
ထူးဆန်းတာက ကိုကြီး ခန့် ခုံမှာ
လာထိုင်တယ့် ကျွန်တော်တို့ထက်၃နှစ်လောက်
ငယ်မယ့် နိုင်ငံခြား သားလေးက
ထူးဆန်းတာ။
ကိုကြီးခန့်က လည်း သူ့ကို အခုမှ
တွေ့တာကို တရင်းတနှီး ကြီးကို
စကားတွေ လိမ့်ပတ်မလည်အောင်ကို
ပြောနေကြတာ။"ဟဲ့ ကိုခန့် နဲ့ အဲ့အကောင်နဲ့က ဘာတွေလဲ"
"နင့်အသံကလည်း တိုးတိုးပြောစမ်းပါ
ငါလည်း အဲ့ဒါကို ရှိုးနေတာ ""ကိုး... လာစောချမ်းနဲ့ လာထိုင် အဒေး
ထင်လင်းမော်နားမှာထိုင်မလို့ ""ဟာ အသက်"
"တိတ်စမ်း...ငါ့ကိုခန့်က မတော်တရောတွေနဲ့
တွေ့ရင် ဘယ်လိုလုပ်မလဲ""ဟုတ်တယ် အစ်ကို သွား လေယာဉ်မထွက်ခင်
စောချမ်းနားပြောင်းထိုင်"နောက်ဆုံးအရုံးပေးရတာ ကျွန်တော်တို့နှစ်ယောက်
အရင်က တည်ကြည် သလောက်
အဒေး ပြန်သတိရတယ့် အချိန်ကစပြီး
နှစ်ယောက်သား ပူးရင်သွားပြီ
တစ်ခုမဟုတ် တစ်ခုကြံနေကြပြီ။
အခုလည်း ထင်လင်းခန့်အစား
ရင်လေးတယ်။"နင်ဘယ်လိုမြင်လဲ "
"ကောင်လေးက ငယ်တယ် ဟ သဘောမတူချင်ဘူး"
"ငါရောဘဲ ကိုခန့် အပေါ်ဆိုးရင်
ဘယ်လိုလုပ်မလဲ"လေယာဉ်ထွက်တယ့် အချိန်ထိ ကျွန်တော်နဲ့
ဂျိတ် ကို စိုက်ကြည့်နေသလို
ခံစားရလို့ ဘေးတစ်ဖက်ကို
ကြည့်လိုက်တော့
အသေအချာကြီးပါ။
ကျွန်တော်နဲ့ ဂျိတ် ပြာကြမလားအောက်မေ့ရတယ်။
မီးတောက်တယ့် အကြည့်တွေနဲ့။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?