အပိုင်း(၁၉)

1.2K 60 13
                                    

ကျွန်တော်နဲ့မော်လေးတွဲတာ
တစ်နှစ်ပြည့်တော့မယ် အချိန်တွေက
အမြဲပြောင်းလဲနေပေမယ့် မော်လေးကကျွန်တော့်ကိုချစ်တာ
မပြောင်းလဲသလို အချစ်လဲမလျော့ဘူး။

အဒေးရဲ့စိတ်ဓာတ်ကလည်း တစ်နှစ်
သာကြာသွားတယ်
မပြောင်းလဲသေးဘူး။
တစ်ခါတစ်လေ မော်လေးနဲ့ထိပ်တိုက်တွေ့ပြီး
ကတောက်ကဆဖြစ်ကြတယ်
မော်လေးက ငြိမ်မခံတတ်တယ့်သူ
အဒေးက လည်းဆတ်ဆတ်ထိမခံ။

ကျွန်တော့မှာ ကြားထဲက ရင်မောရတယ်
ဒါပေမဲ့ ကျွန်တော်တို့တွဲနေတာကို
အမိုးမသိတယ့်အတွက်
အဒေးကိုကျေးဇူးတင်ရပါတယ်။

"Hello... အစ်ကို ကျွန်တော် အဲ့ဆိုင်မှာစောင့်
နေမယ် လာခဲ့နော် နောက်မကျနဲ့နော်"

"ဟုတ်ပါပြီ မော်လေးရာ အစ်ကိုလာခဲ့မယ်"

ကျွန်မ မဲ့ပြုံးလေးကိုနှုတ်ခမ်းထက်ပန်ဆင်
လိုက်တယ်။
ကဲ စတင်ရအောင်
Let's go....

"ဟာကိုး ....အပြင်လား
အဒေးလည်းလိုက်မယ် အဒေး
ချိန်းထားတာရှိလို့ နော် လမ်းကြုံ လိုက်ပို့ပါ"

"ဟမ်..ဘယ်လဲ အဒေးက ဒီနေ့ဆိုင်မသွားဘူးဆို
အိမ်မှာဘဲနေမှာဆို အိမ်မှာဘဲနေလေ"

"ကိုး..... အဒေး လား ထင်လင်းမော်လား "

"အဒေး ရာ မလွန်လွန်းလာနဲ့
ကိုးတို့က ခွင့်လွှတ်ပေးတိုင်း အခွင့်ကောင်းမယူနဲ့လေကွာ"

အစကတော့ ပျော်ပျော်ရွင်ရွင် စမိပေမယ့်
အဆုံးမှာ ကိုယ်ဘဲ
နာကျင်ရတယ် သွားပြီ
နောက်တစ်ဦး ငါ့ဆီက ထွက်သွားတော့မယ်။
ဒီတစ်ခါကော တားခွင့်မရတော့ဘူးလား
တားခွင့်မရှိဘူးလား။
တွေးပြီး မျက်ရည်ကျမိတယ်

"ဟမ်..အဒေး ရာမငိုပါနဲ့ ကိုးအဒေးကိုချစ်တာသိတယ်မို့လား
အဲ့တာကြောင့်လည်း အခုချိန်ထိ
မော်လေးကို ချစ်တယ်ဆိုတယ့်စကားကို
မပြောဘူးလေနော်...တိတ်..တော့"

"အင်း..အဒေး ကလည် ကိုးကို စိတ်မဆင်းရဲစေချင်ပါဘူး
အချိန်အတိုင်းတာ တစ်ခုကို.တော့စောင့်ပေးပါ"

"အင်းပါ အခုကောအပြင်သွားမယ်ဆို သွား အိကျီင်္လဲ
မုန့်သွားစားမယ်"

အချစ်​အမုန်းလွန်​ဆွဲပွဲ(Zawgyi+Uni)Donde viven las historias. Descúbrelo ahora