နောက်တစ်ပတ်ဆိုကျွန်တော့်မွေးနေ့တောင်ရောက်
တော့မယ်။
ဘယ်လိုစီစဉ်ရင်ကောင်းမလဲ။အာ....ငါမေ့နေတာကြည့်ပါအုံးမနက်ဖြန်
စနေနေ့တောင်ရောက်ပြီ ကျောင်းမှာ
လက်တွေ့တန်းတတ်ရအုံးမယ်။
ဟိုခွေးနဲ့ကြောင်နှစ်ကောင် သတိကောရကြရဲ့လား
မသိဘူး။တီ.................
"Hola""မhola နဲ့ မင်းအဘ ငါ ကွ"
"စိတ်မရှိပါနဲ့ဗျ.....ကျွန်တော့်အဘဆိုတော့ အဖေ ဘက်လား အမေဘက်ကလားခင်ဗျာ"
"ခွေးကောင်...ငနာကောင်....ငါစောချမ်းဟ"
"ဟား.............သိပါတယ်သားကြီးရာ
ပြော ဘာကိစ္စ""မနက်ကျောင်းသွား ရမှာနော် အဲ့တာ
မေ့နေမှာစိုးလို့လှမ်းသတိပေးတာ။
ဟိုကြောင်မလည်းသတိကောရရဲ့လားမသိဘူး""ဟား.......လောစပီကာမလား မင်းကလည်း
သူကဘာကိစ္စကြောင်မလဲ ကွ""မင်းတို့နှစ်ကောင်က ခွေးနဲ့ကြောင်လို ကိုက်နေကျမို့လေ ခွေးဘေးရ"
"မင်း..........တီ...."
မသာကောင်ငါ့ကျတော့ခွေးတယ့် သောက်ကျင့်မကောင်းတာကွာ သူကငါ့သူငယ်ချင်းဖြစ်ပြီး။သေချာမသိတာ သူကခွေးနဲ့ရော ကြောင်နဲ့ရော
သူငယ်ချင်းဖြစ်တော့သူကခွေးတစ်ပိုင်း
ကြောင်တစ်ပိုင်းကောင်ကများ။တီ.............
"အေ ပြော.....စောချမ်း""မနက်ဖြန်လက်တွေ့တန်းရှိတယ်နော်
ငါတို့နင့်အိမ်ဘဲ လာခဲ့မယ်။
နင့်အစ်ကို လိုက်ပို့မှာမို့လား""အေးဟ လာခဲ့လေ ရေမှော်ကောင်လည်း
လာမှာလား ""အေးဟ .....ဘာလို့လဲ"
"ငါနင့်ကိုမေးစရာရှိတယ် စောချမ်း
ရေမှော်ကောင် ရည်းစား အများကြီးထားတာ
နင်ဘယ်လိုမြင်လဲ"အသက်ကဘာလို့မေးရတာလဲ
ဘာလို့သိချင်ရတာလဲ ။အသက်က ထင်လင်းမော်ကို
ချစ်နေတာလား။သဘောကျနေတာလား။
ဟူး......
"ဟယ်လို ဟဲ့ ငါပြောတာကြားလား စောချမ်း...."
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?