Chapter-1

91K 2.8K 39
                                    

Aphrodite Art School ကျောင်းဝင်းထဲသို့ ပြောင်လက်နေသည့် အနက်ရောင်ကားတစ်စီးက ကားပါကင်ထဲသို့ ငြိမ့်ငြိမ့်လေး ထိုးရပ်လာသည်။ကျောင်းသူ တစ်ချို့၏ အကြည့်တို့သည် ကားပေါ်ကဆင်းလာမည့်သူကိုငံ့လင့်နေဟန်။ မသိမသာတစ်မျိုး။ သိသိသာသာတစ်ဖုံဖြင့် ကြည့်နေကြသည်။ BaekHyun ၏ ဘေးက သူငယ်ချင်းမလေး Yura သည်လည်း စောစောက ကြည့် နေသည့် စာအုပ်ကို ပင် အာရုံရခြင်းမရှိတော့။

“ဘာလို့လဲ Yura. ကားကိုသဘောကျလို့လား.”

“ဟင့်အင်း ကားပေါ်ကလူ.။ကြည့်ထား အရမ်းမိုက်တယ်ဟ.။အရပ်ကြီးကလည်းအရှည်ကြီး မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့.”

BaekHyun လည်း ဘာရယ်မဟုတ်။သူမ ကြည့်နေသည့် ဦးတည်ရာသို့ လိုက်ကြည့်နေမိသည်။ကားမောင်းသူ ဘက်ကနေ လူတစ်ယောက်အရင်ဆင်းလာကာ နောက်ခန်းတံခါးကို ဦးညွှတ်ဖွင့်ပေးသည်။ အနောက်ခန်းက ဆင်းလာသည့်သူကိုမြင်တော့ BaekHyun ပါးစပ်လေးဟ သွားရသည်။
အဖြူရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်အနားထိခေါက်တင်လျက် စတိုင်ပန် အနက်ရောင်နှင့် ချောမွေ့နေသော သူ သည် တည်တင်းနေသည့် မျက်နှာနှင့်တောင်လိုက်ဖက်လွန်းလှသည်။

“အိုး--မိုက်လိုက်တာ။”

“နင်ရောသဘောကျသွားပြီမလား။ သူက ချောပေမယ့် စိတ်ကူးတော့မယဉ်ကောင်းဘူး။ တစ်ချိန်လုံးမျက်နှာတည်ကြီးနဲ့ တအားပြတ်သားတာ.။ကြောက်စရာကြီး။”

“သူက ဘယ်သူလဲ”

“Aphrodite ရဲ့ ဒါရိုက်တာချူပ်လေ။နာမည်က Park Chanyeol တဲ့။ သူ့လက်အောက်မှာ မှ ကျောင်းအုပ်ကြီး။”

Yura ပြောသည့်ထဲမှ Park Chanyeol ဆိုသည့်နာမည်ကို တိုးတိုးလေးလိုက်ရွတ်ကြည့်မိသည်။ တစ်လှမ်းချင်းစီစမတ်ကျကျဖြင့် ကျောင်းအဆောက်အဦထဲ ဝင်သွားသော သူ့ကိုလိုက်ငေးနေမိတာ တမေ့တမော။ ဘာပဲဖြစ်ဖြစ် Park Chanyeol ကိုတော့ဖြင့် BaekHyun သဘောကျသွားပြီဖြစ်သည်။

“နင်က ဒီနှစ်မှ ၀င်လာတာဆိုတော့ ဘယ်သိမလဲ BaekHyun ရဲ့။သူက ကျောင်းမှာလည်းနာမည်ကြီးသလို စီးပွားရေးဘက်မှာလည်းနာမည်ကြီးတယ်လို့ ငါ့ဖေဖေက ပြောတယ်။ပြီးတော့ အရေးကြီးတဲ့ တစ်ချက်က သူ့မှာ သမီးလေးရှိတယ်။ အိမ်ထောင်ကတော့ ကွဲသလားပေါင်းသလား ဘယ်သူကမှ ကောင်းကောင်းမသိပါဘူးဟာ။”

ကိုကို့အရှင်သခင်Where stories live. Discover now