Chapter-27

25K 1.8K 88
                                    

Chapter-27

မီဒီယာသတင်းပေါင်းစုံတွင် Park Group ၏ CEO နှင့် သူ့လက်တွဲဖော်ဟူသည့်ခေါင်းစီးကြီးတွေက နေရာယူထားသည်။ Chanyeol သည် နာမည်ကြီးသရုပ်ဆောင်မင်းသားဆိုတာမျိုးလည်းမဟုတ်ပါဘဲနှင့် သူ့အကြောင်းတော်တော်စိတ်ဝင်စားကြ သည့် လူတွေကိုကြည့်ကာ ခေါင်းခါယမ်းမိသည်။တချို့သတင်းတွေက မလိုတမာရေးသည်။ ယောကျာ်းချင်းလက်ထပ်ထား သည့် Gay သာသာ CEO ဟု လည်းကောင်း ၊အမျိုးသမီးကိုပစ်ကာ ယောကျာ်းတစ်ယောက်ကိုလက်ထပ်ယူသည့်လူအဖြစ် လည်းကောင်း ပြောဆိုကြသည်။ တချို့ကျတော့လည်း ပါတီပွဲတွင် ရှေ့သွားနောက်လိုက် ညီလွန်းလှသည့် သူတို့နှစ်ယောက် ကို ကောင်းချီးပေးကြသည်။ထားပါ--ဒါတွေက ဖြစ်နေကျပဲကို။

ခု သူစိတ်ပူနေသည်က BaekHyun. ။သတင်းတွေထွက်လာပြီး BaekHyun နောက်ကို သတင်းသမားတွေ အတင်း နှောင့်ယှက် လိုက်မေးမှာကို စိုးမိသည်။ မနေ့ညက သူ သောက်တာများပြီးမူးလာသည်ကြောင့် မနက်ထတာနောက်ကျသွားသည်။ Aeri လေးသည်ပင် ကျောင်းသွားချေပြီ။Chanyeol လည်းဒီနေ့ Aphrodite ကိုသွားရမည့်ရက်ပေမယ့် BaekHyun ကတော့  သူတို့ အဆိုသင်တန်း၏ ဆရာက သင်ခန်းစာသစ်တွေပေးကာ အိမ်တွင်လေ့လာစေပြီး အရည်အချင်းစစ်ပွဲလေး လုပ်မှာမို့ BaekHyun က အိမ်တွင်သာ လေ့လာမည်ဟု ပြောပြီးသား။ ဒါဆို ခု BaekHyun  က မနက်အစော ဘယ်ကိုသွားတာလဲ။ ဖုန်းဆက်တော့ လည်း ကိုင်မည့်သူမရှိ။ အမူးပြေဟင်းရည်ကို ဒေါ်လေးက လုပ်ပေးလို့သောက်ပြီးပြီဖြစ်ပေမယ့် စိတ်ကမကြည် အလိုမကျနိုင်စွာ ဖြင့်Chanyeol တစ်ယောက် အိပ်ခန်းထဲက ဆိုဖာတွင်သာ မှုန်ကုတ်ကုတ်ထိုင်နေမိတော့သည်။

လှစ်ခနဲတံခါးဖွင့်သံကြားပြီးနောက် ခြေသံတိုးဖွဖွလေးကြားပေမယ့် Chanyeol လှည့်မကြည့်။ ခဏနေတော့ ဆိုဖာနောက်ကျော ဘက်ကနေ သူ့လည်ပင်းကိုသိုင်းဖက်လာသည့် လက်နွေးနွေးလေးတွေကိုခံစားမိသည်။

“ကိုကို စိတ်မကြည်ဘူးဆို.”

“ဘယ်သွားနေတာလဲ။ ကိုယ် မင်းကိုလိုက်ရှာနေတာမသိလို့လား။”

BaekHyun ထံမှ တဟိဟိရယ်သံထွက်လာသည်။ လူကြီးဖြစ်သူ က ကလေးလိုစိတ်ကောက်နေသည်တဲ့လား။ သူ ဆိုဖာ နောက် ဘက်က နေ ထွက်လာရင်း Chanyeol ပေါင်ပေါ်ကိုရဲတင်းစွာ တက်ထိုင်လိုက်သည်။ Chanyeol လက်တွေက ဆိုဖာပေါ်တွင် တင်ထားကာ BaekHyunကိုဖက်မလာ။ BaekHyun က သာ Chanyeol လည်ပင်းကို သွယ်ဖက်ထားလိုက်သည်။

ကိုကို့အရှင်သခင်Where stories live. Discover now