Chapter-21
Park Group ၏ ရုံးချူပ် အခန်းထဲတွင် အခြေအနေကအေးစက်နေသည်။ စားပွဲပေါ်က လက်ဖက်ရည်ကြမ်းပန်းကန်လေးတွေ ကိုလည်းဘယ်သူကမှမထိ။ အေးစက်နေသည့် Chanyeol မျက်နှာကိုကြည့်ကာ KyungSooနှင့် Chen အကြည့်ချင်းဆုံလျက် သက်ပြင်းချသည်။ Chanyeol ရုံးခန်းထဲမှာပင် မူးလဲကာ သတိလစ်သွား၍ အတွင်းရေးမှူးလေးက KyungSoo ကိုဖုန်းဆက် ပေးလာလို့ အမြန်ပြေးလာခဲ့ခြင်းပင်ဖြစ်သည်။ဥက္ကဌ ရုံးခန်းသည်က သီးသန့်အိပ်ခန်းငယ်လေးဖွဲ့ထားသည်မို့ KyungSoo ရောက်လာချိန်တွင် Chanyeol ထိုထဲတွင် လှဲလျောင်းနေခဲ့သည်။ ခဏလေးတင်ပဲ သတိပြန်ရလာသည့် Chanyeol က ကုသမှု တစ်စုံတစ်ရာမပြုရသေးခင်ပင် Chen ကိုပါ ခေါ်ခို်င်းသည်ကြောင့် ခုလိုတွေ့ဆုံနေရခြင်းဖြစ်၏။အခြေအနေကိုရိပ်စားမိပါသည်။
“ငါ့သူငယ်ချင်းတွေကပါ လုပ်ရက်တယ်။ဘာလို့ငါ့ကိုညာခဲ့တာလဲ.။ဟိုက ညာတယ်ဆိုရင်တောင် မင်းတို့ကပါ ဘာလို့လဲ”
“Chanyeol ”
“ငါ ကသူ့ကိုလိုက်ကပ်ပြီး အတင်းတောင်လက်ထပ်ထားရတာလို့ မင်းကိုယ်တိုင် ပြောခဲ့တာ Chen”
Chanyeol သည်အတော်စိတ်ဆတ်နေသည်။ ခုမှ ဦးခေါင်းက မေ့ထားတာတွေပြန်သတိရလာချိန် လက်ရှိအချိန်က ကိစ္စတွေ ပါ ရောကာ ဒဏ်ဖြစ်မည်ကို KyungSoo စိုး၇ိမ်မိသည်။
“Chanyeol ငါတို့ညာခဲ့တယ်ဆိုရင်တောင် မင်းကောင်းဖို့ပါ အားလုံးကောင်းဖို့။ ခြေထောက်မကောင်းဖြစ်နေတဲ့ မင်းအတွက် BaekHyun က အနားမှာနေပေးချင်ခဲ့တာ။မင်းရဲ့ ဝေယျာဝစ္စတွေအစ အတူလုပ်ပေးဖို့လိုနေတဲ့အချိန်. မင်းကိုယ်တိုင်လည်း သူ့အပေါ်သံယောဇဉ်ရှိနေတယ်လို့ယူဆလို့ ငါတို့လက်ခံပေးခဲ့တာ။ခုလည်း အားလုံးအဆင်ပြေနေတာပါ.။မင်းကိုညာခဲ့တယ်ဆိုတဲ့တစ်ချက်တည်းနဲ့ အဆင်ပြေနေတဲ့ ဆက်ဆံရေးတွေကို မဖျက်ဆီးချင်စမ်းပါနဲ့ကွာ။ စိတ်အေးအေးလည်းထားပါ…”
“ဟုတ်တယ် Chanyeol. မင်းကို BaekHyunကလည်းတကယ်ချစ်တာပါ.။ညာလို့ဆိုပြီး ငါတို့ကိုလည်းစိတ်မဆိုးပါနဲ့”
Chanyeol က တဟားဟားအော်ရယ်သည်။ပျော်လို့ရယ်ခြင်းမဟုတ်.။နာကျင်နေသည့် အပိုင်းအစတို့က Chanyeol မျက်နှာပေါ် ထင်လင်းနေသည်။ မရယ်ရသည့်ဟာသကို ရယ်နေသည့်ဟန်မျိုး။စိတ်က နာကျင်နေဟန်မျိုး။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။