Chapter-25
ဆေးသွင်းပြီးကတည်းက အိပ်မောကျနေသည့် BaekHyun ဘေးနားတွင် သူညင်ညင်သာသာလေးဝင်ထိုင်လိုက်သည်။အစက ဆေးရုံကိုသွားခဲ့ပြီး ဆေးကုသမှုတစ်ချို့ခံယူခဲ့ပေမယ့် အိမ်တွင်သာ နားနားနေနေဆေးသွင်းပေးရန် KyungSoo က အကြံပြု ကာ အိမ်တွင် ဆေးလာသွင်းပေးသွားခြင်းဖြစ်သည်။ ရင်ညွှန့်ပေါ်ရောက်နေသည့် လက်နှစ်ဖက်ကို စောင်ထဲ အသာပြန်ထည့် ပေးလိုက်သည်။ နဖူးထက်က ဆံစပျော့ပျော့တို့ကိုသပ်တင်ကာ နဖူးလေးကို ငုံ့မွှေးလိုက်သည်။ သူ လျစ်လျူရှုခဲ့သည့် အတောအတွင်း သူ့ဘက်ကတောင် ခံစားရသည်မှာ မနည်းပါလျှင် BaekHyun သည် အဘယ်မျှတောင် ခံစားနာကျင်ခဲ့ရမလဲ သူမတွေးဝံ့။ အားလုံး Park Chanyeol ဆိုသည့်သူ့အပြစ်တွေသာလျှင်။
“ဖေဖေ.”
“ရှုး--”
စေ့ထားသည့်အခန်းတံခါးကိုဖွင့်ဝင်လာသည့် Aeri လေးက အသံကျယ်မိပြီးမှ ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ သူမ နှုတ်ခမ်း ထက် လက်ညိုးတစ်ချောင်းတင်လိုက်သေးသည်။
“ဖေဖေ BaekHyunee က မနိုးသေးဘူးလားဟင်.”
“အင်း BaekHyunee က အရမ်းပင်ပန်းနေတာမို့ မနိုးသေးတာ.။Aeri ညနေစာ စားပြီးပြီလား။”
“ဟင့်အင်း ဖေဖေကိုစောင့်နေတာလေ။ BaekHyunee ရောရှိတာဆို တူတူစားကြမယ်လေနော်.”
“အင်း Aeri က တိုးတိုးပြောရမယ်နော် နိုးသွားလိမ့်မယ်။”
Aeri က Chanyeol နားတရွေ့ရွေ့တိုးလာစဉ်မှာပင် Chanyeol ဘေးက လှုပ်စိလှုပ်စိဖြစ်လာ၍ လှည့်ကြည့်လိုက်တော့ ထထိုင်ကန်ကြံနေသူ။
“ရပါတယ် ကျွန်တော်က နိုးနေပါပြီ၊”
Chanyeol က BaekHyun ကိုဖေးမကူတွဲကာ ကုတင်နံရံတွင်မှီလိုရစေရန် ထူပေးသည်။ Aeri က ကုတင်ပေါ်ကိုစွေကခနဲ တက်ကာ BaekHyun တစ်ဖက်ခြမ်းကနေ ဒူးလေးတုပ်လျက်ထိုင်သည်။
“Aeri က အများကြီးလွမ်းနေခဲ့တာ။ ”
“အာ ကိုကိုလေးက လည်း Aeri ကိုအများကြီးလွမ်းနေတာ”
“Aeri ကိုကယ်တင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။”
အလိမ္မာတုံးလေး Aeri က လက်လေးနှစ်ဖက် ယှက်လျက်ခေါင်းညွှတ်ကာ ပြောလာတော့ BaekHyun နှင့် Chanyeol အကြည့်ချင်းဆုံကာ ပြုံးမိကြသေးသည်။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။