Chapter-3
ကြီးမားလွန်းလှသည့်ခြံဝန်းကျယ်ကြီးထဲတွင် အိမ်ကြီးကလည်း ခမ်းနားလှသည်။အိပ်ခန်းသည်ပင် သာမန်လူတန်းစားတို့၏ အိမ်တစ်လုံးပမာဏကျယ်ဝန်း၏။ Chanyeol သည် မွေ့ရာစွန်းပေါ်တွင်ထိုင်လျက် စားပွဲပေါ်က ဓါတ်ပုံလေးကိုကြည့်ရင်း မျက်ရည် လည်မိသည်။
သူတစ်ပါးကိုရင်အေးစေသော အပြုံးတို့ဖြင့် မေမေက ဓါတ်ပုံထဲမှာတောင်သိမ်မွေ့အေးချမ်းနိုင်လွန်းသည်။
“တောင်းပန်ပါတယ်-- တောင်းပန်ပါတယ် မေမေ.။ကျွန်တော် သူ့ကိုလုံးဝမခွင့်မလွှတ်ဘူး။”
မေမေ့မျက်နှာမြင်တိုင်းအားနာဝမ်းနည်းရစမြဲမို့ Chanyeol မျက်ရည်စက်တို့ ဓါတ်ပုံမှန်ဘောင်လေးပေါ် ခုန်ဆင်းသွားသည်။
“အာ--- ဖေဖေ ငိုနေပြန်ပြီ.။အဲ့ဒါကြောင့် Aeri စိတ်မချတာ။ဘွားဘွားကိုလွမ်းလို့လားဟင်”
Aeri သည် မွှေးပွခွေးရုပ်လေးကို လက်ကပွေ့လျက် အိပ်ရာမှ ထလာပုံရသည်။ စိတိမကောင်းသလိုမျက်နှာပေးလေးဖြင့်ကလေး လူကြီးလေးကို Chanyeol ပေါင်ပေါ်ပွေ့တင်လိုက်သည်။
“အင်း--ဖေဖေ ရုတ်တရက် သတိရသွားမိလို့။ကဲ ဖေဖေ့ မင်းသမီးလေးက ဘယ်လိုဖြစ်ပြီး ဒီနေ့ အစောကြီး နိုးနေတာလဲ.ကျောင်းချိန်လိုသေးတယ်လေ.”
“ဒီနေ့ ပန်းချီသင်တန်းကို ဦးလေး KyungSoo နဲ့သွားမလို့လေ.။သူ ဒီနေ့ ဆေးရုံကနေ duty off တယ်တဲ့.။Aeri ကိုလိုက်ပို့ပေးမယ်လို့ပြောတယ်”
“Aigoo ဖေဖေ့သမီးက တကယ်အလည်လေး.။”
Chen နှင့် KyungSoo ကို သူမ ကြိုက်သလိုခွဲခြမ်းစိတ်ဖြာကာ ခရီးစဉ်ဆွဲလေ့ရှိသည့် Aeri အလည်လေး၏ ဆံစတို့ ကို ခပ်သာသာ ဆွဲဖွပစ်လိုက်သည်။ Chanyeol မွေ့ရာပေါ်တွင် Aeri က ခဏမျှပက်လက်လှန်ဆော့ပြီးနောက် ရေမိုးချိုးရန် ဒေါ်လေး လာခေါ်သည့်နောက် လိုက်ပါသွားသည်။ အိမ်အကျယ်ကြီးထဲတွင် Chanyeol ရယ် Aeri ရယ်. သူတို့နှင့် အတူနေသည့် ဆွေမျိုးနီးစပ်အိမ်တော်ထိန်းဒေါ်လေးရယ် အပြင် အလုပ်သမားအနည်းငယ်တော့ရှိသည်မို့ အိမ်က သိပ်တော့ မခြောက်ကပ်.။
“Aeri ကောင်းကောင်း သွားခဲ့နော် ဖေဖေ့သမီးလေး..”
Chanyeol လည် အဝတ်အစားလဲပြီးသည်နှင့် Aeri ဆီသို့သွားကာ ပါးဖောင်းဖောင်းလေးကို မွှေးကြူခဲ့ပြီးမှ အိမ်က ထွက်လာခဲ့ လိုက်သည်။ဒီနေ့တော့ ဒရိုင်ဘာကင်ကို ထားခဲ့လိုက်ပြီး ကိုယ်တိုင်သာ ကားမောင်းလာခဲ့လိုက်သည်။ Chanyeol တို့အိမ်က ဆိတ်ငြိမ်သူဌေးရပ်ကွက်တွင်ရှိသည်ကြောင့် လမ်းတွေကတိတ်ဆိတ်ရှင်းလင်းနေသည်။ ကားလမ်းမကြီးပေါ် ပြန်ချိုးတက်ရမည့် လမ်းရောက်စဉ်တွင် လမ်းဘေးတစ်နေရာမှ သူ့ကားကို လမ်းလှမ်းပြကာ တစ်ကိုယ်လုံးခုန်ဆွနေသည့် တစ်စုံတစ်ယောက်ကို မြင်သည်။ကားရပ်ပြီးမေးရန် စိတ်မပါသော်လည်း ထိုသူက ကိုယ်တစ်ခြမ်းက Chanyeol ကားရှေ့ပင်ရောက်လုနီးပါး အတိုင်းအတာပေမို့ ကားကိုအရှိန်လျော့ပစ်လိုက်ရသည်။ကားမှန်ကိုချလိုက်တော့မှ ရှင်းလင်းနေသည့်မျက်နှာတစ်ခုက ငုံ့ကြည့်လာသည်။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။