Chapter-20
“လာ--သမီးလေး.”
Kan HaeSoo က ပြုံးရွှင်စွာပင် Aeri လက်ကလေးကိုဆွဲလျက် ရှေ့ခန်းတွင် ထိုင်စေလိုက်ပြီးမှ ခါးပတ်ပတ်ပေးလိုက်သည်။ Park အိမ်တော်ရှေ့ထိ ရောက်လာခဲ့ပေမယ့် အိမ်ထဲဝင်ခွင့်မရသည့် သူမအဖြစ်က ခံပြင်းစရာတော့ကောင်းလွန်းလှသည်။ တစ်ခါ တစ်လေကံကိုအပြစ်ဖွဲ့ချင်မိသည်။မိမိယောက်ျားအဖြစ်နှင့်တုန်းက သာမန်ဌာနမှူးလေးအဖြစ်ကနေ ခုများတော့ဖြင့် နိုင်ငံတစ်ဝန်းကြီးမားလှသည့် လုပ်ငန်းတွေနှင့် Park အိမ်တော်၏ ပိုင်ရှင်သခင်တဲ့လား။ သူမဟိုတုန်းကယုံကြည်စွာ လိုက်သွား ခဲ့သည့် လူနှင့်လည်းမကြာခင်မှာပင် လမ်းခွဲခဲ့သည်။ လောင်းကစားရှုံးကာ မည်သည့်ပိုင်ဆိုင်မှုများမရှိတော့ဘဲ သောက်စားမူးယစ်နေသည့်လူက လည်းလူမှန်းသူမှန်းတောင်မသိသည်မို့ သူမကိုအလွယ်တကူ လမ်းခွဲပေးခဲ့သည်။ အကျင့်စာရိတ္တလည်းမကောင်းသည့် ထိုလူကြောင့် ချစ်သည့်ခင်ပွန်းဖြစ်သူ Chanyeol ကိုတမ်းတခဲ့ဖူးသည်။ သို့သော်လည်း ကိုရီးယားမြေကိုမပြန်ချင်သည်မို့ သူမဟိုမှာပင် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေခဲ့ရာမှ Park Group ၏ ပိုင်ရှင်သခင်ကို သေချာသိမြင်လာရသည့်အခါ သူမ ချက်ချင်းပင် အမိမြေပြန်ဖို့လုပ်ခဲ့သည်။ ခု သူမ ဘဝမှာ လိုနေတာ Chanyeol ရယ် Aeri ရယ် ပြည့်စုံကြွယ်ဝမှုတွေရယ်--
“ဖေဖေက ညနေ ခြောက်နာရီမကျော်ခင်ပြန်လာရမယ်လို့ ပြောထားတယ် မေမေ.”
“ကောင်းပါပြီရှင်. သမီးလေးဖေဖေ သဘောအတိုင်းပါပဲ။ခု သမီးလေး ဘယ်သွားချင်လဲ”
“ကစားကွင်းလေ. ဖေဖေ ရဲ့အသစ်ဖွင့်ထားတဲ့ကစားကွင်း.တစ်ခါပဲရောက်ဖူးသေးတာ.”
ကစားကွင်းအကြောင်းပြောတော့ Aeri မျက်နှာလေး မြူးတူးနေခဲ့သည်။သမီးဖြစ်သူကတော့ ခါးခါးသီးသီးလည်းမရှိသလို ရင်းရင်းနှီးနှီးခံစားချက်ကိုလည်းမပေး။ဒီတိုင်း Chanyeol မိတ်ဆက်ပေးသည့် အတွက် သူမကို မိခင်ဟုသာ သတ်မှတ်ထား ပုံရသည်။တကယ်ပဲ သွေးက စကားမပြောဘူးလား။
ကစားကွင်းရောက်တော့ ကားတံခါးဖွင့်ပေးလိုက်ခြင်းပဲ Aeri က အပြေးသွားသည်မို့ ဒေါက်ဝတ်ထားသည့်သူမ က နောက်က အပြေးလိုက်ရတော့သည်။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။