Chapter-26
“Aeri ရေ”
“လာပြီ BaekHyunee”
အိမ်ပေါက်ကအော်ခေါ်သူနှင့် ထမင်းစားခန်းထဲက အပြေးထွက်လာသူတို့၏ အသံဆာဆာလေးတွေကိုကြားရတာ Chanyeol စိတ်လိုလက်ရကိုပြုံးမိသည်။ ခုမှပင် Park အိမ်တော်သည် အနှစ်သာရပြန်လည်ပြည့်စုံသွားသလို။ တကယ်ပဲ BaekHyun က သူ့ရဲ့ မဖြည့်လို့မရတဲ့ ကွက်လပ်ကလေး။
“ကိုကို မလာသေးဘူးလား”
“လာပြီ ကိုယ်က-”
အိမ်အပေါ်ထပ်က ဆင်းလာသည့် Chanyeol က မြန်မြန်ပင်လျှောက်လာရတော့သည်။ဒီနေ့ သူတို့သုံးဦးသား ပန်းခြံလေးထဲတွင် ပျော်ပွဲစား လုပ်ရန်ထွက်လာကြခြင်းဖြစ်သည်။ မနက်ကတည်းက BaekHyun နှင့်အတူ ဒေါ်လေးက ကူညီလုပ်ကိုင်ပေးပြီး ထမင်းလိပ်ကလေးတွေ. သစ်သီးလေးတွေ. စားစရာအစုံထည့်ထားသည့်ခြင်းကလေးကလည်း ကားနောက်တွင်အရံသင့်။
Chanyeol သည်မိုးပြာရောင်ရှပ်အဖျော့.ဂျင်းဘောင်းဘီဖြင့် လူငယ်ဆန်ဆန် သွက်လက်နေသလို BaekHyun သည်လည်း ဆင်တူ မိုးပြာရောင် ဖြင့် စုံတွဲလိုက် ဖြစ်သည်။ Aeri သည် မိုးပြာရောင် ဂါဝန်ကလေးဖြင့် တစ်မိသားစုလုံး ကောင်းကင်ဆန်နေ ၏။
“ရေး--ရေး ကစားမယ်။ပန်းခြံထဲ မှာစက်ဘီးစီးမယ် ဝိုး---ပျော်လိုက်တာအရမ်းပဲလို့။”
ကားနောက်ခန်းတွင် ငြိမ်ငြိမ်ထိုင်မနေဘဲ မတ်တပ်ကလေးရပ်ကာ Aeri က လက်ခုပ်နှစ်ဖက် တီးလျက် ပျော်မြူးနေသည်။ Chanyeol က ကားမောင်းသူမို့ BaekHyun က အနောက်ဘက်ကိုစောင်းငဲ့လှည့်ကြည့်ကာအားရပါးရရယ်ပြလိုက်သည်။ Aeri လေးက ချစ်ဖို့ကောင်းလိုက်တာ။
“ဖေဖေ ပိတ်ရက်တိုင်းဒီလိုသွားမယ်လေ နော်--နော် Aeri အရမ်းပျော်တယ်။”
“ဟုတ်ကဲ့ပါ ဖေဖေ့ မင်းသမီးလေး”
Chanyeol နှင့် BaekHyun သည်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးမိကြသည်။ထိုအခိုက်အတန့်တို့သည် ထာဝရ ရပ်တန့်ထားချင်သည့် အချိန်တို့ပင်ဖြစ်သည်။ ပန်းခြံထဲရောက်တော့ Chanyeol က နောက်ခန်းထဲက ဆွဲခြင်းတွေ ချပြီး BaekHyun က မြက်ခင်းပြင်နေရာလွတ်တွင် အခင်းလေးခင်းသည်။ စက်ဘီးလေးကို ချကာ Aeri အတွက်ပေးလိုက်တော့ Aeri က မြူးတူးစွာ ဆော့ကစားတော့သည်။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။