Chapter-2

26.2K 1.9K 34
                                    

သီချင်းတစ်ပုဒ်၏ သံစဉ်တွေကို လေ့လာနေစဉ် ညနေခင်းက အဖြစ်အပျက်ကခေါင်းထဲ ၀င်လာလေတော့ BaekHyun အသံထွက်အောင်ရယ်မိသည်။ မြင်မြင်ခြင်းသဘောကျသွားခဲ့သည်မို့ Chanyeol အပြန်ကို စောင့်ကြည့်နေမိသည့် သူသည် Chanyeol ၏သက်တော်စောင့်မလေးနှင့်သာ အကြည့်ချင်းဆုံခဲ့သည်။ Yura ထံမှကြားခဲ့ရသည့်အတိုင်း ထိုကလေးမ လေး အတော်ပင် Chanyeol ကိုအူတိုပုံရ၏။မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းကစ်ကစ်လေးတွေက အတော်ကိုချစ်ဖို့ကောင်းလွန်းလှ သည်။

“Baekhyunee -ဘာတွေဒီလောက်တောင် ပြုံးနေတာတုန်း မေမေ ၀င်လာတာကိုတောင် မသိဘူး ဟုတ်လား။”

BaekHyun ၏ မေမေက နွားနို့ခွက်လေးကိုင်လျက် အခန်းထဲရောက်လာသည်။ သူ ရယ်ပြလိုက်ရင်း မေမေ့ ခါးကို သိုင်းဖက် လိုက်သည်။

“အတွေးများသွားလို့ အဟီး။ မေမေ မအိပ်သေးဘူးလား ။”

“စာရင်းလေးတွေ နည်းနည်းစစ်မလို့လေ။ကဲ နွားနို့လေး ကုန်အောင်သောက်လိုက်နော်.မေမေ အလုပ်လုပ်ရဦးမယ်.”

သူခေါင်းညိတ်ပြလိုက်တော့မှ မေမေက သူ့နဖူးလေးကိုနမ်းလျက်ပြန်ထွက်သွားသည်။ ဖေဖေ မရှိတော့ကတည်းက ကုမ္ပဏီကို BaekHyun ၏ မေမေကိုယ်တိုင် ဦးစီးခဲ့တာ.။ ဖေဖေရှိစဉ်တုန်းကလည်း ဖေဖေ့ အတွင်းရေးမှူးလုပ်ခဲ့သည့် မေမေက လုပ်ငန်း သဘောတရားကိုကောင်းစွာ နားလည်သဘောပေါက်ပြီး ကုမ္ပဏီတစ်ခုလုံးကိုစီမံနိုင်ခဲ့သည်။BaekHyun ကတော့ စီးပွားရေး လုပ်ငန်းကို စိတ်မ၀င်စားပေမယ့် လက်ရှိသင်တန်းပြီးလျှင်တော့ ၀ါသနာပါတာလေးလည်းလုပ်ရင်း မေမေ့ကုမ္ပဏီမှာလည်း ၀င်လုပ်ရင်း ဘ၀ကိုဖြတ်သန်းဖို့ဆုံးဖြတ်ထားသည်။
သို့သော် မနေ့ကမှ ဘ၀မှာ အတူလက်တွဲလျှောက်ချင်မိသည့် ဖူးစာဖက်ကို မြင်မိသည်။ Park Chanyeol ကို BaekHyun အတော် သဘောကျပါသည်။ မိန်းကလေး များစွာနှင့် ရည်းစားမှိုလိုပေါက်အောင် ထားခဲ့သည့် သူက ယောကျာ်းလေး တစ်ယောက်ကိုတော့ဖြင့်ပထမဆုံး စိတ်ဝင်စားမိခြင်းသာ။
ရုတ်တရက်ဆိုသလို မြည်လာသော ဖုန်းသံကြောင့် Contact Name ကိုကြည့်ကာ BaekHyun စိတ်ပျက်သွားပေမယ့်လည်း-

# အင်း အတော်ပဲ ကိုယ်လည်းပြောစရာရှိနေတာ.။လမ်းခွဲရအောင် NaNa.

ကိုကို့အရှင်သခင်Where stories live. Discover now