Chapter-23
ဒီနေ့ Aphrodite တွင် မနက်ပိုင်းအစောကြီးအစည်းအဝေးလုပ်ရန်ချိန်းထားသဖြင့် Chanyeol ရောက်လာသည်။ ကားပါကင်တွင်က Chanyeol ကားရပ်သည့်နေရာက သပ်သပ်ရှိထား၏။ ကားပေါ်ကဆင်းလိုက်လျှင်ပင် အနားကိုလှစ်ခနဲ ရောက်လာသည့် အရိပ်လေးကြောင့် သူမျက်မှောင်ကုတ်သွားသည်။
“ကိုကို မောနင်း.”
BaekHyun သည် အားကစားဘောင်းဘီအနီရောင် Hoddie အနီစပ်ကျားလေးဝတ်ဆင်ထားကာ သူ့ကို ပြုံးပြလာသည်။ Chanyeol မျက်ခုံးတွေတွန့်သထက်တွန့်သွားသည်။ BaekHyun က သူပြောတာတွေကိုအရေးလုပ်စရာတောင်မလိုဘူး လို့သတ်မှတ်ထားတာလား။
“BaekHyun ငါ မင်းကို အပြတ်ပြောထားပြီးသားလေ.။ဘာဖြစ်လို့ လာနှောင့်ယှက်နေတာလဲ”
“မဟုတ်ပါဘူး။ကျွန်တော်က ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ။မနေ့က ကိုကိုပို့ပေးတဲ့ Message ကြောင့်တစ်ညလုံးကောင်းကောင်းအိပ်ပျော်ခဲ့တာ.”
BaekHyun မျက်နှာလေးပြုံးယောင်သမ်းသလောက် Chanyeol မျက်နှာကခပ်တည်တည်။
“ဘာ Message လဲ။ငါ က မင်းကို ဘာ message ပို့တာလဲ.။”
“ဒီမှာလေ ကိုကိုကလည်း.”
ချက်ချင်းပင် အင်္ကျီအိတ်ကပ်ထဲကဖုန်းလေးကိုထုတ်ကာ Message ကိုပြလိုက်သည်။ မျှော်လင့်ချက်ဖြင့်တောက်ပနေသည့် မျက်ဝန်းငယ်တို့သည် Chanyeol ၏ဟက်ခနဲလှောင်ရယ်သံပြုခြင်းတွင် မှေးမှိန်ရတော့သည်။
“မင်းကို ငါက မပတ်သက်ဖို့ပြောထားပြီးသားကို ဒီလို Message မျိုးပို့မယ်လို့မျှော်လင့်နေတာလား။မင်း ကိုယ်မင်းသိပ်အထင်ကြီးလွန်းနေပြီ။ Aeri က ငါ့ဖုန်းနဲ့ဖုန်းကို Message ပို့ပစ်မှာလို့ မနေ့ကတည်းကြိမ်းဝါးနေတာ။ငါ့သမီးလက်ချက်ပဲနေမှာပေါ.။ကဲ မင်း သင်တန်းတက်စရာရှိရင်လည်း မတက်ရင်လည်းဖယ်။ ”
“ကိုကို-”
အနားကိုတိုးမကပ် ရပ်နေသည်မို့ ခပ်သာသာတွန်းဖယ်ကာ Chanyeol ရှေ့ဆက်လိုက်သည်။ တိုးဖွဖွအသံကြောင့် Chanyeol နောက်လှည့်မကြည့်မိဘဲ ခြေလှမ်းတုန့်သွားမိသည်။
“Aeri ပို့ပေးတာဆိုရင်တောင် ကျွန်တော်က ကျေနပ်ပါတယ် ပျော်ပါတယ်ကိုကို။ဒါပေမယ့်တကယ်ပဲ ကျွန်တော်တို့ဝေးပြီလားဟင်။ ဘာမက်မောမှုမှမပါဘဲ ကိုကို့ကို ကျွန်တော်တကယ်ချစ်တာပါ။ ”
![](https://img.wattpad.com/cover/188012797-288-k759881.jpg)
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။