“အယ် ဒါဆို Park Chanyeol Shi က နင့်ကို သူ့ဟိုတယ်ကို ကိုယ်တိုင်ခေါ်သွားပေးတာပေါ့”
ကျောင်းဝန်းထဲတွင် အတူလမ်းလျှောက်လာရင်း Yura က ခေါင်းလေးစောင်းငဲ့ကာ မေးလာသည်။ BaekHyun အမှန်ကို ကြည်နူးနေဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။ မနေ့မနက်ကတည်းက မေမေ ကလည်း အလုပ်ကိစ္စဖြင့် တရုတ် ကို သွား သည်ကြောင့် အိမ်မပြန်လည်းစိတ်ပူ မည့်သူ မရှိသည်မို့ BaekHyun အရဲစွန့် ကာ ဒရိုင်ဘာကင် ထံတွင် အပူကပ် ပြီး Chanyeol အချိန်ဇယားကိုမေးကြည့်မိခဲ့တာ။ ဘားကိုသူငယ်ချင်း တွေနှင့် လာမည် ဆို သည်ကြောင့် ကြိုစောင့်နေရာတွင် ကိုယ်တိုင် သောက်မိသွားတော့ ငါးပါးမှောက်လေရော။
“အင်း ထင်တောင်မထင်ထားမိဘူး။ ကိုကိုက ငါ့ကို မျက်နှာလွှဲခဲပစ်တော့မလုပ်ခဲ့ဘူးဘဲ.။အဟွန်း--ဒါဆို သူ့ရင်ထဲမှာ ငါလည်းရှိနေတဲ့သဘောပေါ့။..ဝါး---ကိုကိုက ပိုပြီးချစ်စရာကောင်းနေပြီကွာ.။ငါ ချစ်လို့သေတော့မှာပဲ.။အဲ့ဒီမျက်နှာထားတင်းတင်းနဲ့လူကြီးကို”
“ဟွန့် အပိုတွေ-”
Yura မျက်စောင်းခဲပေမယ့် လွတ်လပ်ပေါ့ပါးစွာရယ်မောနေသည့် BaekHyun ကိုကြည့်ကာ စိတ်ချမ်းသာနေသည်။ သူငယ်ချင်း လေးက ရည်းစားအများကြီးထား ကစားနေသည့် ကောင်ဆိုးလေးလို့ နာမည်ရှိပေမယ့် ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မလုပ်ဖူးတာ Yura အသိ။
“ငါ တကယ်ချစ်တာဟ.သူ့စိတ်ထားလေးရော သူ့ပုံစံလေးရော သူ့နားရွက်ကားကားလေးရော.သူ့မျက်လုံးဝိုင်းတွေရော-”
စကားစ ရပ်သွားသည့် BaekHyun သည် အဝါရောင်လွယ်အိတ်ကလေးလွယ်လျက် လှုပ်တုပ်တုပ်ဖြင့် လျှောက်လာပြန် သည့် ကောင်မလေးကိုမြင်သည့်အချိန် ပြုံးသွားရသည်။
“သူ့သမီးလေးကိုရော-”
“yah BaekHyunee !”
အတူတူပြန်ပြီး တစ်ရက်တစ်လေလေများ မုန့်အတူသွားစားကြမလား တွေးမိပါသည်။ လှစ်ခနဲပြေးထွက်သွားသည့် BaekHyun ကို Yura မျက်စောင်းတခဲခဲကျန်ခဲ့သည်ကိုတော့ဖြင့် BaekHyun မသိ။
“Aeri-”
“အမ် လာပြန်ပြီ-”
Aeri ၏မျက်နှာလေးသည် အရင်တစ်ခါတွေ့တုန်းကထက် မဆိုးတော့သည်မို့ BaekHyun အားတက်သွားသည်။ ကျောင်းအဆောက်အဦဘက်သွားနေသည့် Aeri နောက်သို့ BaekHyun ပြန်လိုက်လာပါလာသည်။

YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။