“ငါနဲ့မတွေ့ဖြစ်ခဲ့ရင် မင်း မိန်းမ ဘယ်လိုဖြစ်သွားမလဲ သိလား ဟမ်.”
Chanyeol ရှေ့တွင် ကောင်လေးတစ်ယောက်က ခေါင်းငုံ့လျက် ရှိနေသည်။
မနေ့ညနေက ကုမ္ပဏီ၏ မိတ်ဖက်ပါတနာတွေနှင့်မို့ မသွားမဖြစ်ဘဲ ကလပ်တစ်ခုကိုတက်ဖြစ်ခဲ့သည်။ကလပ်သည် နာမည်ကြီး သည့် သန့်သည့် ကလပ်ပင်ဖြစ်သော်လည်း ခပ်ဟဟ အခန်းတံခါးနားတွင် အတင်းသိမ်းသွင်းခံရတော့မည့် ကောင်မလေး တစ်ယောက်ကိုအမှတ်မထင် မြင်မိစဉ် Chanyeol မနေနိုင်တော့ဘဲ ကောင်မလေးကို ခေါ်လာပေးခဲ့ရသည်။သူမ သည် Chanyeol နှင့်ဝေးကွာနေသည်မှာ လေးငါးနှစ်ခန့်ရှိပြီဖြစ်သည့် ဟိုးအရင်က အိမ်ဘေးက လင်မယား။“အပျိုလို့ဟန်ဆောင်ပြီးတောင် အလုပ်လုပ်ရတယ်ဆို မင်းတို့ဘယ်လောက်များ ခက်ခဲနေခဲ့လဲ ”
“မတတ်သာလို့ပါ အကိုလေးရယ်။ ကျွန်တော်လည်းသူ့ကိုအဲ့လို မလွှတ်ချင်ဘူး။ မလွှတ်နိုင်ဘူး။ အောက်ခြေဝန်ထမ်းလစာက ကျွန်တော့်တို့မိသားစုအတွက် ခက်ခဲလွန်းပါတယ်။ အဲ့ဒါကြောင့် ဒီကျောင်းမှာ အချိန်ပိုင်းသန့်ရှင်းရေးလည်း လာလုပ်ရတာပါ။ သမီးလေးရဲ့ ကျောင်းကိစ္စတွေကလည်းရှိသေးတယ်မလား။ ကျွန်တော် တားပါတယ်ဗျာ။ သူက အတူတူ မကူရရင် သူ ဘယ်စိတ်ကောင်းပါ့မလဲ။ တူတူလုပ်ကိုင်စားသောက်ကြမယ်ဆိုပြီး။”
အတူတူ တဲ့လား။ Chanyeol ရင်ထဲအောင့်ခနဲခံစားလိုက်ရသည်။ ဘဝခရီးလမ်းတစ်ခုကိုချီတက်ရာမှာ တက်ညီလက်ညီ ရှိကြဖို့ ရန်မှာလည်း ပဓာနကျသည်မလား။ မချမ်းသာပေမယ့် ပြေလည်သည့်အိမ်ထောင်ရေးကို Chanyeol အားကျမိပါသည်။
“ထားတော့။ ရော့ ဒီလိပ်စာအတိုင်းသွားလိုက်.အဲ့ဒါ ငါ့ကုမ္ပဏီပဲ။ သင့်တော်တဲ့အလုပ်တစ်ခုပေးလိမ့်မယ်။ငါ ဖုန်းဆက်ထားပေးမယ်။ပြီးတော့ ရော့--”
လိပ်စာကတ်ကို အရင်ထုတ်ပေးပြီးမှ Chanyeol က ချက်ခ် လက်မှတ်တစ်စောင်ပေါ်တွင် စာလုံးတွေ အမြန်ရေးလိုက်သည်။ ကမ်းပေးလာသည့် ဂဏန်းတွေကိုကြည့်ကာ ထိုလင်မယား မျက်လုံးပြူးသွားရသည်။
“အကိုလေး ဒါ-ဒါက ”
“သမ်ီးလေးအတွက် ကျောင်းစားရိတ်ပေါ့။ဘယ်လောက်မှတော့မရှိပါဘူး။တစ်ခုခုထပ်လိုအပ်တာရှိရင် ငါ့ကိုအချိန်မရွေးပြောလို့ရတယ် Jisan ငါ သမီးချင်းကိုယ်ချင်းစာတယ်”

YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။