Chapter-29 ( Both Unicode &zawgyi)
BaekHyun ၏ လက်နှစ်ဖက်သည် ကုတင်တိုင်တွင် တွဲချည်ခြင်းခံထားရကာ ခြေထောက်နှစ်ဖက်ကသာ လွတ်လပ်နေ သည်။ အားမသန်လို့ မာန်လျှော့လိုက်ရသော်လည်း BaekHyun သတိကပ်ထားနေသည်။
“ကားပေါ်မှာ ကျွန်တော် ခင်ဗျားကိုသနားမိတာ နောင်တရတယ် ။ဘာဖြစ်ချင်နေတာလဲ”
“ရှင် မရှိမှ Chanyeol က အနည်းဆုံးတော့ သမီးမျက်နှာကိုထောက်ပြီး ကျွန်မကိုပြန်လက်ခံလာမှာလေ။”
Kan HaeSoo က BaekHyun ကုတင်ခြေရင်းတွင် လက်နှစ်ဖက်ပိုက်လျက် မုန်းတီးစရာကောင်းသည့် အမုန်းမျိုးဖြင့် ဖြစ်သည်။ သို့သော် သူမ မျက်နှာတွင် ကျေနပ်ပျော်ရွှင်နေသော အရိပ်အယောင်လည်းမရှိ။ တစ်စုံတစ်ရာကိုလည်း အနည်းငယ်စိုးရွံ့နေ ဟန်ကို BaekHyun ရိပ်မိနေသည်။
“ကျွန်တော်မရှိရင်လည်း ကိုကိုက တခြားတစ်ယောက်အပေါ်စိတ်ရှိကောင်းရှိလာနိုင်ပေမယ့် ခင်ဗျားကိုတော့ လက်ခံလာမှာမဟုတ်ဘူး Kan HaeSoo Shi ။ ကိုကို ခင်ဗျားအပေါ်ထားတာ အမုန်းစိတ်တင်မကဘူး။တစ်သက်လုံးမပတ်သက်ချင်တော့တဲ့စိတ်ပါ ပါတယ်။”
“အဟင်း--ရပါတယ်။သူ မပတ်သက်လည်းကျွန်မက ပတ်သက်မှာပေါ့။အရင်ဆုံးရှင်နဲ့ဇာတ်လမ်းပြတ်အောင်လုပ်ရမှာလေ။ တကယ်လို့ ရှင် တခြားယောကျာ်းတစ်ယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ဗီဒီယိုတစ်ခုများ Chanyeol ဆီကိုရောက်သွားရင် သူ က ရှင့်ကိုကြည်ဖြူပါဦးမလား ဟင်.”
BaekHyun ခေါင်းထဲဒိန်းခနဲဖြစ်သွားသည်။ Kan HaeSoo ၏ အနီးတွင် စတန်းထောင်ထားသည့် ဗီဒီယိုကင်မရာတစ်လုံး ကိုတွေ့ သည်။သူ အံ့သြစိတ်နှင့်အတူ Chanyeol ဒီမိန်းမကိုဘာလို့များဒီလောက်ထိ မုန်းတီးသွားခဲ့သလဲ ဆိုတာကိုပါ ပိုပြီး ကောင်းကောင်းသဘောပေါက်သွားမိသည်။
“ခင်ဗျား ဘာလို့ဒီလောက်များအကြံပက်စက်ရတာလဲ.။တကယ်လို့ငွေလိုချင်ရင် ကိုကို့ဆီကျွန်တော်တောင်းပေးပါမယ်။ ခင်ဗျားတစ်သက်လုံးအေးအေးဆေးဆေးစားသောက်လို့ရတဲ့အထိ ကျွန်တော် တောင်းပေးမယ်။ ဒီလိုမလုပ်ပါနဲ့။ကျွန်တော့်ကိုလွှတ်ပေးပါ။”
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။