မြင်လွှာတွေကိုဦးဆုံးဖွင့်မိချိန်တွင် မြင်နေရသည်က မီးဆိုင်းကြီးတွေ လှပစွာတပ်ဆင်ထားသည့် မျက်နှာကြက်တစ်ခု။ မူးဝေဝေ ခေါင်းကလေးကဖြင့် အနည်းငယ်သက်သာနေပြီမို့ ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်တော့ ကျယ်ဝန်းလှသည့် အခန်းကြီးတစ်ခု။ စိမ်းရင့်ရောင်ဆိုဖာတွေနှင့် အခန်းတွင်းရှိ ဧည့်ခန်းငယ်.နံရံကပ်ဗီရိုတွေကြီးငယ်မရွေး..။ပြီးတော့ အခန်းနံရံတွင် ချိတ်ထားသည့် ပြတင်းပေါက်အရွယ်အစားခန့် ဓါတ်ပုံကြီးကိုမြင်လိုက်ရတော့ စိတ်ရောကိုယ်ပါ ရွှင်လန်းသွား ရသည်။
ကိုကိုသည် ဓါတ်ပုံထဲတွင်တောင်မှ ခပ်တည်တည် အကြည့်စူးစူးတို့ဖြင့် စိတ်ကိုသိမ်းညှို့နိုင်နေဆဲ။
ဒါဆို သူ Chanyeol အခန်းထဲကိုရောက်နေတာလား။ပြီးတော့ Chanyeol အိပ်ရာ..။ ကြည်နူးမှုကြောင့် ခြုံထားသည့် စောင်ဖြူကြီးကို မျက်နှာပေါ်အုပ်လျက် အူယားစွာ လူက လူးလှိမ့်နေမိသေးသည်။
“သတိရလာရင်လည်း ထတော့။ ဆေးလည်းသွင်းပေးထားပြီးပြီဆိုတော့ မင်း သက်သာနေပါပြီ.”
ခပ်သြသြအသံပိုင်ရှင်ကြောင့် BaekHyun သည် မျက်နှာပေါ်က အုပ်ထားသည့်စောင်ကို ဖြတ်ခနဲ ဖယ်ချလိုက်သည်။ ဆံပင်တွေရှုပ်ပွလျက် ကြည်ကြည်စင်စင်ပြန်ကြည့်နေသည့် BaekHyun မျက်ဝန်းတွေကိုအပြစ်ကင်းစင်သည်ဟု ဘယ်လို ကြောင့်များ Chanyeol ထင်မိပါလိမ့်.။အရွယ်ငယ်ငယ်လေးဖြင့် သူတစ်ပါးသမီးပျိုတို့၏ အသည်းနှလုံးကို ကစားနေသည့် ကဝေဆိုးကလေး.။
“ဟော်--မထသေးဘူးလား.”
“ထပြီ.ကိုကိုကလည်း နည်းနည်းမှ အကြင်နာတရားမရှိဘူး။ဖျားနေတာကို မစာနာတတ်ဘူးလား”
“စာနာလို့ပဲ မင်းကို ဆရာဝန်ခေါ်ပေးပြီးလည်းဆေးသွင်းပြီးသွားပြီ။ ရင်းနှီးကြတာလည်းမဟုတ်ဘူး။ ငါ့သမီးဆန္ဒကြောင့် ဧည့်သည်ခန်းထဲ မပို့ရပါဘဲ ငါ့အိပ်ရာပေါ်မှာလည်း သိပ်ပြီးပြီ.။ထပ်ပြီး ဘာတွေ လုပ်ပေးရဦးမှာလဲ”
Chanyeol သည်ဆိုဖာစိမ်းတွေပေါ် ခြေချိတ်ထိုင်လျက် မျက်မှောင်တို့တွန့်ကုတ်နေသည်။ BaekHyunကတော့ မွေ့ရာထက်တွင် ထိုင်ကာ စောင်ပုံကြားထဲက မထွက်သေးသည့်အဖြစ်.။သူစိမ်းအိပ်ရာတွေပေါ် မအိပ်တတ်သည့် BaekHyun အတွက် ထူးထူးခြားခြားပင် Chanyeol ၏ အိပ်ရာက ရင်းနှီးနေသည်။ အင်း--သတိလစ်နေလို့လည်း ဖြစ်ကောင်းဖြစ်နိုင် ပေမယ့် ဒါသည်လည်း ရေစက်ပဲထင်ပါရဲ့။
YOU ARE READING
ကိုကို့အရှင်သခင်
Fanfictionတောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။